ဘူးသီးတောင်မြို့နယ် တိုက်ပွဲရှောင်ပြည်သူ ၄၇၀ တို့အား တစ်လစာ ဆန်ရိက္ခာများထောက်ပံ့ပေးအပ်

 

ဘူးသီးတောင်  အောက်တိုဘာ   ၁၄


ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်  ဂန္ဓာရီပရဟိတဘုန်းတော်ကြီး ကျောင်းဝင်းရှိ တိုက်ပွဲရှောင်ပြည်သူ  ၄၇၀ တို့အား တစ်လစာ ဆန်ရိက္ခာ များ ထောက်ပံ့ပေးခြင်းကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်း၌ ပြုလုပ်သည်။


အဆိုပါ ဆန်ရိက္ခာထောက်ပံ့ရာတွင် ဂန္ဓာရီပရဟိတဘုန်းတော် ကြီးကျောင်းဝင်းရှိ တိုက်ပွဲရှောင်အိမ်ထောင်စု  ၈၇ စု၊ လူဦးရေ ၄၇၀ တို့အား တစ်ဦးလျှင် တစ်ရက်  နှစ်ဘူးနှုန်းဖြင့် တစ်လစာ ဆန်ရိက္ခာ  ၁၄၆ အိတ်  ၂၁ ပြည်တို့ကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်တာဝန်ခံ   ဦးငြိမ်းထွန်းနှင့်    တာဝန်ရှိသူများကပေးအပ်ရာ တိုက်ပွဲရှောင်စခန်းတာဝန်ခံများက လက်ခံရယူကြောင်း  သိရသည်။


ဘူးသီးတောင်မြို့နယ်အတွင်း ယနေ့အချိန်ထိ တိုက်ပွဲရှောင်စခန်း စုရပ် ၁၉ ခုရှိပြီး အိမ်ထောင်စု ၁၅၇၇ စု လူဦးရေစုစုပေါင်း  ၇၀၃၀ ရှိကြောင်း သိရသည်။                                

လှကျော် (ပြန်/ဆက်)