ဘူလ်ဂေးရီးယားနိုင်ငံ မြို့တော်အနီး ထရပ်ကားတစ်စီးအတွင်း ရွှေ့ပြောင်းလုပ်သား ၁၈ ဦး သေဆုံးလျက်တွေ့

 

ဆိုဖီယာ ဖေဖော်ဝါရီ ၁၈


ဘူလ်ဂေးရီးယားနိုင်ငံ   မြို့တော် ဆိုဖီယာအနီး၌    စွန့်ပစ်ထား သော   ထရပ်ကားတစ်စီးအတွင်း ရွှေ့ပြောင်းလုပ်သား  ၁၈  ဦးထက် မနည်း သေဆုံးနေသည်ကို တွေ့ရှိ ကြောင်း  ဖေဖော်ဝါရီ  ၁၇   ရက် က     ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။  

 


အဆိုပါ ထရပ်ကားမှာ တရား မဝင်ရွှေ့ပြောင်းလုပ်သား  ၄၀  ခန့် တင်ဆောင်လာသော ထရပ်ကား ဖြစ်ကြောင်း ကနဦးစုံစမ်းစစ်ဆေး ချက်အရ သိရသည်။  လက်ရှိတွင် အဆိုပါ ရွှေ့ပြောင်းလုပ်သားများ ထဲမှ ၁၈ ဦးမှာ သေဆုံးနေပြီဖြစ် ကြောင်းနှင့် အသက်ရှင်သူအချို့ကို ဆေးရုံတစ်ရုံသို့     ပို့ဆောင်ထား ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန က ပြောသည်။ ထရပ်ကား မတော် တဆမှုဖြစ်ပွားရခြင်းနှင့် ပတ်သက် ပြီး      သတင်းအချက်အလက် တစ်စုံတစ်ရာ  ရရှိခြင်းမရှိကြောင်း သိရသည်။ 

 


ရွှေ့ပြောင်းလုပ်သားအချို့က ယာဉ်မောင်းသူ   ထွက်ပြေးလွတ် မြောက်သွားကြောင်း ပြောသည်။ အဆိုပါဖြစ်ရပ်နှင့်    ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ   လုပ်ဆောင် လျက်ရှိကြောင်း   အာဏာပိုင်များ ၏ အဆိုအရ သိရသည်။  

ဆင်ဟွာ