ဘုတ်ပြင်းမြို့နယ်၌ မဲခေါင်-လန်ချန်း အထူးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဆိုလာအသေးစားဓာတ်အားပေးစနစ်နှင့် ရေပေးဝေရေးလုပ်ငန်းစီမံကိန်း မိတ်ဆက်ရှင်းလင်း

 

နေပြည်တော်   ဒီဇင်ဘာ  ၆
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန   ဒုတိယဝန်ကြီး ဦးမြင့်စိုးသည်   တာဝန်ရှိသူများ နှင့်အတူ    ယနေ့   နံနက်ပိုင်းတွင် ကံမော်ကြီးကျေးရွာ၌    ကျင်းပ သည့်  သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က မဲခေါင်-လန်ချန်း အထူးရန်ပုံ ငွေဖြင့်    အကောင်အထည်ဖော် ဆောင်ရွက်မည့် တနင်္သာရီတိုင်း ဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ် ပြင်းမြို့နယ်ကံမော်ကြီးကျေးရွာနှင့် ရေငံကြီးကျေးရွာတို့အတွက် ဆိုလာ အသေးစား ဓာတ်အားပေး စနစ်နှင့်   ရေပေးဝေရေးလုပ်ငန်း စီမံကိန်း   မိတ်ဆက်ရှင်းလင်းပွဲ အခမ်းအနားသို့      တက်ရောက် သည်။ (အောက်ပုံ)
အခမ်းအနားတွင်   ဒုတိယ ဝန်ကြီး   ဦးမြင့်စိုးနှင့်   တနင်္သာရီ တိုင်းဒေသကြီး         လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး  ခင်ကျော်တို့က        အမှာစကား ပြောကြားကြသည်။
ထို့နောက်  ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်း ဒေသကြီး ဦးစီးမှူးက အကောင် အထည်ဖော်    ဆောင်ရွက်မည့် စီမံကိန်းနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြပြီး    စီမံကိန်း    ကျေးရွာ ကိုယ်စားလှယ်တစ်ဦးက ကျေးဇူး တင်စကား ပြန်လည်ပြောကြား သည်။
ယင်းနောက် ဒုတိယဝန်ကြီး နှင့်    တိုင်းဒေသကြီး    လမ်းပန်း ဆက်သွယ်ရေး    ဝန်ကြီးတို့က     စီမံကိန်းဆိုင်းဘုတ်ကို ဖွင့်လှစ် ပေးပြီး    ဓာတ်အားပေး   စက်ရုံ မြေနေရာတွင် ပန္နက်ရိုက်ပေးကြ သည်။
အဆိုပါစီမံကိန်းသည် ဆိုလာ တပ်ဆင်စွမ်းအား    (176 KW)၊ အရန်ဒီဇယ်မီးစက် (80 KW) တို့ကို တပ်ဆင်ဆောင်ရွက်သွားမည်ဖြစ် ကာ စီမံကိန်းပြီးစီးပါက ကံမော် ကြီးကျေးရွာရှိ    အိမ်ခြေ   ၂၁၀၊ လူဦးရေ  ၁၀၃၀ နှင့်  ရေငံကြီး ကျေးရွာရှိ အိမ်ခြေ ၃၃၀၊ လူဦးရေ ၂၁၄၆ ဦးတို့ကို အကျိုးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။
ထို့နောက်    ဒုတိယဝန်ကြီး သည်      ကံမော်ကြီးကျေးရွာရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ကံမော်ကြီးကျေးရွာမှ      ကော့ သောင်း-ဘုတ်ပြင်းလမ်းမကြီးသို့ ဆက်သွယ်သည့် ကျေးလက်လမ်း ၉ မိုင်ကို အဆင့်မြှင့်တင် ဖောက် လုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေး ညှိနှိုင်းပေါင်းစပ်      ဆောင်ရွက် ပေးသည်။
ယင်းနောက် ဒုတိယဝန်ကြီး နှင့်    အဖွဲ့ဝင်များသည်   နယ်စပ် ရေးရာဝန်ကြီးဌာန၊     ပညာရေး နှင့်     လေ့ကျင့်ရေးဦးစီးဌာန၏  ကော့သောင်းမြို့နယ်   အမျိုးသမီး အိမ်တွင်းမှု    သက်မွေးလုပ်ငန်း ပညာ       သင်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းအုပ်ကြီး၊ နည်းပြများ၊ သင်တန်းသူများနှင့် တွေ့ဆုံကာ အဆင့်မြင့် အိမ်တွင်း မှု စက်ချုပ်သင်တန်း အမှတ်စဉ်(၅) မှ သင်တန်းသူများ ချုပ်လုပ်ထား သည့်    အဝတ်အထည်များနှင့် အသုံးအဆောင်   ပစ္စည်းများကို လှည့်လည်ကြည့်ရှု       အားပေး သည်။
ထို့နောက်    ဒုတိယဝန်ကြီး နှင့်   အဖွဲ့သည်  တနင်္သာရီတိုင်း ဒေသကြီး      ကော့သောင်းခရိုင် ကော့သောင်းမြို့နယ်တွင်    သမ ဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ ခေတ်မီစံပြကျေးရွာ (SMART Village)အဖြစ် အကောင် အထည်ဖော်      ဆောင်ရွက်နေ သော  ဘန်းကချွန်ကျေးရွာအုပ်စု တိုင်းဒင်ကျေးရွာ၌     တာဝန်ရှိ သူများ၊      ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ    တင်ပြချက် များကို ပေါင်းစပ်ညှိနှိုင်း ဆောင် ရွက်ပေးကာ        တိုင်းဒင်ကျေးရွာ ရှိ အသက်မွေးဝမ်းကျောင်းအဖွဲ့ လေးဖွဲ့အတွက် ကျေးလက် စီးပွား မြင့်မားရေး (RBF) ရန်ပုံငွေကျပ် သိန်း ၃၀၀ ပေးအပ်ခဲ့သည်။ 
သတင်းစဉ်