
နေပြည်တော် စက်တင်ဘာ ၇
ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည် ပြု ပိုးတွေ့လူနာများနှင့် သီးသန့် စောင့်ကြည့်ရမည့်သူများကို ကုသ ရေးလုပ်ငန်းများ ဆောင်ရွက်ရာ တွင် အောက်ဆီဂျင် လိုအပ်ချက် များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော်နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများ၊ ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများနှင့် အာဟာရ ဖြည့် စားသောက်ဖွယ်ရာများကို လှူဒါန်းပေးလျက်ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် တနင်္သာရီတိုင်းဒေသ ကြီး ဘုတ်ပြင်းမြို့ ပြည်သူ့ဆေးရုံ သို့ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းသည့် အောက်ဆီဂျင်အိုး အလုံး ၁၀၀ ကို ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်၊ ဘုတ်ပြင်း တပ်နယ်မှ နယ်မြေခံ တပ်မတော် သားများက သွားရောက်လှူဒါန်း ရာ တာဝန်ရှိသူများက လက်ခံယူ ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်