ဘုတလင်မြို့နယ် အင်းတောလျှပ်စစ်မြစ်ရေတင်လုပ်ငန်းမှ တစ်နှစ်ပတ်လုံး ရေတင်စိုက်ပျိုးနိုင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မိုးစပါးဧက ၁၈၂၅၀၀၀ စိုက်ပျိုးရန်လျာထားရာ ယနေ့အချိန်အထိ ဧက ၁၆ သိန်း စိုက်ပျိုးပြီးစီး

မုံရွာ   စက်တင်ဘာ    ၁၂
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်  ဦးမြတ်ကျော်နှင့်အဖွဲ့ဝင်များသည် စက်တင်ဘာ ၁၁ ရက်  နံနက်ပိုင်းတွင်  မုံရွာခရိုင် ဘုတလင်မြို့နယ်   အင်းတောကျေးရွာ အင်းတောလျှပ်စစ်မြစ်ရေတင်လုပ်ငန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။ 
 

ရှေးဦးစွာ   တိုင်းဒေသကြီး   ဝန်ကြီးချုပ်က       အင်းတောလျှပ်စစ်မြစ်ရေတင်လုပ်ငန်းမှ    တစ်နှစ် ပတ်လုံး   ရေတင်စိုက်ပျိုးနိုင်ခြင်းကြောင့်  နွေ၊ မိုး၊ ဆောင်း သုံးရာသီတွင် အောင်မြင်စွာစိုက်ပျိုးလျက် ရှိသဖြင့်   ဒေသဝမ်းစာဖူလုံပြီး     လယ်ယာကဏ္ဍ စိုက်ပျိုးထုတ်လုပ်မှုစွမ်းအား  ဖွံ့ဖြိုးတိုးတက်စေခြင်း ကြောင့်  တောင်သူများ၏    လူမှုစီးပွားဘဝများ မြင့်မားလာပြီး    ဒေသအတွင်း   အလုပ်အကိုင်အခွင့် အလမ်းများ  တိုးတက်များပြားလာစေရန်၊ ရာသီဥတု မျှတအောင် ထိန်းညှိပေးမှုကြောင့်   ဒေသစိမ်းလန်း စိုပြည်လာစေခြင်း စသည့်အကျိုးကျေးဇူးများ       ရရှိ ခံစားစေရန်နှင့် တိုင်းဒေသကြီးအတွင်း မိုးစပါးဧက  ၁၈၂၅၀၀၀ စိုက်ပျိုးရန်လျာထားရာ ယနေ့အချိန်အထိ   ဧက ၁၆ သိန်း စိုက်ပျိုးပြီးစီးပြီဖြစ်၍ စိုက်ပျိုးရာသီ စက်တင်ဘာလကုန်တွင်         အပြီးစိုက်ပျိုးနိုင်ရေး အတွက် တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ပြီး ချင်းတွင်းမြစ်အတွင်းမှ စိုက်ပျိုးရေတင်နေမှုနှင့်   လျှပ်စစ်စက်ရုံတို့ကို ကြည့်ရှုစစ်ဆေးသည်။
စိုက်ပျိုးရေးသွင်းအားစုများ ပေးအပ်
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဘုတလင်မြို့ ပြည်သူ့ဝန်ဆောင်မှုရုံးခန်းမ၌ ကျင်းပ သော ဘုတလင်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူ များထံ စိုက်ပျိုးရေးသွင်းအားစုများ ပေးအပ်ပွဲအခမ်း အနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က  အမှာ စကားပြောကြားပြီး တိုင်းဒေသကြီး   လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး   ဝင်းတင်စိုးနှင့် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်တို့က  သီးနှံအထွက်တိုးရေးလုပ်ငန်းများနှင့်    ပတ်သက် ၍ အကြံပြုဆွေးနွေးပြောကြားပြီး ဒေသခံတောင်သူ များထံ   စိုက်ပျိုးရေးသွင်းအားစုများ  ပေးအပ်သည်။
စိုက်ပျိုးရေတင်နေမှု ကြည့်ရှုစစ်ဆေး
ဆက်လက်၍   တိုင်းဒေသကြီး  ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာခရိုင် အရာတော်မြို့နယ် မန်ကျည်းဇောက်ကျေးရွာ အရာတော်(၂)  လျှပ်စစ် မြစ်ရေတင်စီမံကိန်း   ရှင်းလင်းဆောင်၌ တိုင်းဒေသ ကြီး ဝန်ကြီးချုပ်က အရာတော်(၂)  လျှပ်စစ်မြစ်ရေတင် စီမံကိန်းလုပ်ငန်းများနှင့်  ပတ်သက်၍    ရှင်းလင်း တင်ပြချက်များအပေါ် လိုအပ်သည်များကို   တာဝန် ရှိသူများနှင့်   ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ   မူးမြစ်အတွင်းမှ    စိုက်ပျိုးရေတင်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက်  တိုင်းဒေသကြီး    ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အရာတော်မြို့   မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ဒေသခံ တောင်သူများအား  စိုက်ပျိုးရေးသွင်းအားစုများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
ထို့နောက်   တိုင်းဒေသကြီး    ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက  ဒေသခံတောင်သူများထံ စိုက်ပျိုး ရေးသွင်းအားစုများကို   အသီးသီးပေးအပ်သည်။ 
အဆိုပါ  ဘုတလင်မြို့နယ်နှင့်     အရာတော် မြို့နယ်များရှိ ဒေသခံတောင်သူများထံ စိုက်ပျိုးရေး သွင်းအားစုပစ္စည်းများဖြစ်သည့် ဇာမဏီကွန်ပေါင်း ဓာတ်မြေသြဇာ အိတ် ၁၀၀၊    ရွက်ဖျန်းအားဆေး အိတ် ၂၀၀၊ ကောမတ်ဂျစ်ပ်ဆမ်မြေသြဇာအိတ် ၁၀၀၊ EM တစ်လီတာ ဘူး ၂၀၀၊  ရွှေတောင်  ၈ မျိုးသန့် ချည်မျှင်ရှည်ဝါမျိုးစေ့  သုံးပိဿာဝင်အိတ် ၁၄၀၊ ဆေးဖျန်းပုံး ခြောက်ပုံးတို့ကို ပေးအပ်ခဲ့ကြောင်း သိရ သည်။
တိုင်းဒေသကြီး(ပြန်/ဆက်)