ဘုရင်မကြီး၏သားအကြီးဆုံး ဝေလမင်းသား ချားလ်စ် အင်္ဂလန်ဘုရင်ဖြစ်လာမည်

 

လန်ဒန်   စက်တင်ဘာ   ၉ 


ဗြိတိန်၏  နန်းသက်အရှည်ဆုံး   ဘုရင်မကြီး အယ်လီဇဘက်-၂ ကွယ်လွန်အနိစ္စ ရောက်ပြီးနောက် ကမ္ဘာ့ နိုင်ငံခေါင်းဆောင်များက  ဘုရင်မကြီး  ကွယ်လွန်အနိစ္စရောက်ခဲ့သည့်အပေါ်   ဝမ်းနည်းပူဆွေးကြောင်း သဝဏ်လွှာများ  တဖွဲဖွဲပေးပို့လျက်ရှိသည်။ ဘုရင်မကြီး ကွယ်လွန်အနိစ္စရောက်ပြီးနောက် ၎င်း၏သား အကြီးဆုံးဖြစ်သည့် ဝေလမင်းသား ချားလ်စ်သည်   ဗြိတိန်ထီးနန်းကို   အမွေဆက်ခံမည်ဖြစ်ပြီး  အင်္ဂလန် နိုင်ငံ၏ ဘုရင်တစ်ပါးဖြစ်လာမည်ဖြစ်သည်။ 

 


ဘုရင်မကြီးသည် နန်းစံသက် နှစ် ၇၀ အရောက် သက်တော် ၉၆ နှစ်တွင်      ကွယ်လွန်အနိစ္စရောက် ခဲ့ခြင်းဖြစ်သည်။ 
၎င်း၏မိသားစုအတွက် အကြီးဆုံးဝမ်းနည်းမှုအခိုက်အတန့်ဖြစ်ကြောင်း၊ သို့သော်လည်း ဘုရင်မ ကြီး ကျယ်ကျယ်ပြန့်ပြန့် လက်ကိုင်ကျင့်သုံးခဲ့သည့် လေးစားမှုနှင့်  ချစ်ခြင်းမေတ္တာများက   ၎င်းတို့ကို နှစ်သိမ့်ပေးလိမ့်မည်ဖြစ်ကြောင်း  ချားလ်စ်မင်းသား က ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ 

 


ဝန်ကြီးချုပ် လစ်ဇ်ထရက်စ်က ဘုရင်မကြီးသည် ဂရိတ်ဗြိတိန်၏  အလွန်တရာ လေးစားဖွယ်ကောင်း သော စိတ်ဓာတ်ပိုင်ရှင်ဖြစ်ကြောင်း ဂုဏ်ပြုချီးကျူးခဲ့ သည်။ ထို့ပြင်   ဘုရင်မကြီးသည်  ခေတ်မီဗြိတိန် နိုင်ငံကို   တည်ဆောက်ခဲ့သည့်  ကျောက်တုံးကြီး သဖွယ်ဖြစ်ပြီး ဘုရင်မကြီး၏ အုပ်စိုးမှုအောက်တွင် တိုင်းပြည်ကြီးပွား   တိုးတက်ထွန်းကားခဲ့ကြောင်း ဆက်လက်ပြောကြားခဲ့သည်။ 

 


ကနေဒါဝန်ကြီးချုပ်     ဂျက်စတင်ထရူးဒိုက ဘုရင်မကြီး၏    တည်ငြိမ်သောအသရေတော်နှင့် သန္နိဋ္ဌာန်စိတ်ဓာတ်က  ရှုပ်ထွေးလှသောကမ္ဘာကြီး အတွင်း    နေထိုင်သူတိုင်းအတွက်   နှစ်သိမ့်မှုနှင့် ခွန်အားကို   ယူဆောင်လာကြောင်း  ပြောကြားခဲ့ သည်။ ကနေဒါနိုင်ငံသားများအတွက်   ဘုရင်မကြီး၏  စွမ်းဆောင်ပေးခဲ့မှုသည်      သမိုင်းတွင်အရေးကြီး သောအခန်းကဏ္ဍတစ်ခုအဖြစ်  ဆက်လက်ကျန်ရှိနေ မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ 

 


အမေရိကန်သမ္မတ    ဂျိုးဘိုင်ဒင်နှင့်   သမ္မတ ကတော် ဂျေးဘိုင်ဒင်တို့ကလည်း  ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်။ ဘုရင်မကြီး၏ ဈာပနကို သီတင်းပတ်နှစ်ပတ်အတွင်း  အင်္ဂလန်နိုင်ငံ လန်ဒန် မြို့၏      အထင်ကရ    ဘုရားရှိခိုးကျောင်းဖြစ် သည့်   ဝက်စ်မင်စတာ    အက်ဗေးတွင်      ကျင်းပမည် ဖြစ်သည်။


အင်န်အိတ်ချ်ကေ၊ ဆင်ဟွာ