
နေပြည်တော် ဇန်နဝါရီ ၁၃
အကြမ်းဖက်သောင်းကျန်းသူများ က ဘုရားစေတီပုထိုးများ၊ ဗုဒ္ဓ ဆင်းတုတော်များအား ဖျက်ဆီး စော်ကားမှုကို ကန့်ကွက်ရှုတ်ချ ပွဲများ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ကျင်းပ လျက်ရှိသည်။
ထိုသို့ ပြုလုပ်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(တောင် ပိုင်း)နမ့်စန်မြို့ မြို့လယ်ကျောက် တိုင်ဘောလုံးကွင်း၌ လည်း ကောင်း၊ ရှမ်းပြည်နယ် (အရှေ့ ပိုင်း) ကျိုင်းတုံမြို့ မြို့မအားကစား ကွင်း၊ မိုင်းဖြတ်မြို့ အခြေခံပညာ မူလတန်းကျောင်း (ဝမ်မိုင်) နှင့် မိုင်းဆတ်မြို့ သဗ္ဗညုဘုရားတို့၌ လည်းကောင်း၊ တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့ မြို့မအားကစား ကွင်း၊ ထားဝယ်မြို့ ရွှေဝယ်သီရိ အားကစားကွင်းနှင့် ကော့သောင်း မြို့ လွတ်လပ်ရေးကျောက်တိုင် ကွင်းတို့၌လည်းကောင်း၊ မန္တလေး တိုင်းဒေသကြီး ရမည်းသင်းမြို့ ရွှေမုဋ္ဌောဘုန်းတော်ကြီးကျောင်းဝင်းနှင့် မကွေးတိုင်းဒေသကြီးတောင်တွင်းကြီးမြို့ ရခိုင်ဘုရား ကြီးဝင်း၊ နတ်မောက်မြို့ ဗိုလ်တေဇ ဘောလုံးကွင်း၊ မြို့သစ်မြို့ မြို့မ အားကစားကွင်းနှင့် သက်ရက်မြို့ ခရိုင်အားကစားကွင်း၌ လည်း ကောင်း အသီးသီးကျင်းပပြုလုပ် ကြရာ သတ်မှတ်နေရာအသီးသီးမှ ချီတက်စုဝေးကြပြီး သံဃာတော် များနှင့် မျိုးချစ်ပြည်သူ ဦးဆောင် သူများက ဗုဒ္ဓဘာသာအပေါ် ဖျက်ဆီးရန် လုပ်ဆောင်နေမှုများ ကို ကန့်ကွက်ကြောင်း ဟောပြော ကြသည်။
ထို့နောက် ကန့်ကွက်ရှုတ်ချ ပွဲသို့ တက်ရောက်လာကြသူများ က “ သာသနာကို ဖျက်ဆီးနေသော အကြမ်းဖက်သူပုန်များ(ကျရှုံးပါစေ)၊ လူသတ်အကြမ်းဖက်သူပုန် မှန်သမျှ(ဆန့်ကျင်ကြ)၊ မြန်မာ နိုင်ငံသားဗုဒ္ဓဘာသာဝင် တိုင်းရင်း သားများ ကိုးကွယ်ယုံကြည်သည့် ဘုရား၊ စေတီ၊ ဆင်းတုတော်များ အား စော်ကားဖျက်ဆီးသူ(ဒို့ရန် သူ)၊ ဘုရား၊ စေတီ၊ ဆင်းတုတော် များကို ဖျက်ဆီးနေသော ပြည်ဖျက် မိစ္ဆာသောင်းကျန်းသူများ (ကျရှုံး ပါစေ)၊ ဒို့ဘာသာ၊ ဒို့သာသနာ၊ ဒို့ယဉ်ကျေးမှု ဖျက်ဆီးစော်ကား သူများအား (ဆန့်ကျင်ကြ)၊ အကြမ်းဖက်အားပေး လောက် ကောင်များ (အလိုမရှိ)၊ သာသနာ ဖျက်အကြမ်းဖက်သမားများ (အလို မရှိ)” စသည့် ကြွေးကြော်သံများ၊ ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ငြိမ်း ချမ်းစွာ ဆန္ဒထုတ်ဖော်ကြသည်။
အဆိုပါ ကန့်ကွက်ရှုတ်ချပွဲ များသို့ သက်ဆိုင်ရာ မြို့နယ် အသီးသီးမှ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့် မျိုးချစ်ပြည်သူများ တစ်ခဲနက် တက်ရောက် ကန့်ကွက်ရှုတ်ချခဲ့ ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်