ဘုရားစေတီပုထိုးများနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများကို ဖျက်ဆီးမှုအပေါ် ကန့်ကွက်ရှုတ်ချပွဲပြုလုပ်

 

နေပြည်တော်   ဖေဖော်ဝါရီ   ၁


အကြမ်းဖက်    သောင်းကျန်းသူ များက     ဘုရားစေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များကို ဖျက်ဆီး စော်ကားမှုအား ကန့်ကွက်ရှုတ်ချ ပွဲများကို     တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌      ကျင်းပ ပြုလုပ်လျက်ရှိရာ ယနေ့နံနက်ပိုင်း တွင်     ရန်ကုန်တိုင်းဒေသကြီး မြို့တော်ခန်းမအရှေ့ မဟာဗန္ဓုလ ပန်းခြံဘေး   ယာဉ်ရပ်နားကွင်း၌ ဗုဒ္ဓဘာသာအပေါ်   ရည်ရွယ်ချက် ရှိရှိ   ထိပါးစော်ကားဖျက်ဆီးနေ သည့်  အကြမ်းဖက်သမားများနှင့်  ဘာသာဖျက်များအား    ကန့်ကွက် ရှုတ်ချပွဲကို        ကျင်းပပြုလုပ် သည်။


အဆိုပါ    ကန့်ကွက်ရှုတ်ချပွဲ တွင် သံဃာတော်များနှင့်  မျိုးချစ် ပြည်သူများက  ဘာသာသာသနာ အပေါ်      အလေးအနက်ထား ထိန်းသိမ်းကာကွယ်စောင့်ရှောက် ရန်   ဟောပြောဆွေးနွေးခြင်းနှင့် သဘောထား   ထုတ်ပြန်ချက်များ ဖတ်ကြားခြင်းတို့ကို   ဆောင်ရွက် ပြီး တက်ရောက်လာကြသူများက “ဒို့ဘာသာ၊ ဒို့သာသနာကို စော်ကား သူမှန်သမျှ       (ဆန့်ကျင်ကြ)၊ အကြမ်းဖက်အားပေး     လောက် ကောင်မှန်သမျှ     (ဆန့်ကျင်ကြ)၊ ဗုဒ္ဓသာသနာကို ဖျက်ဆီးစော်ကား နေသည့်      အကြမ်းဖက်သမား များ   (အလိုမရှိ)၊    ဒို့ဘာသာကို စော်ကားနေသည့်  သာသနာဖျက် လောက်ကောင်များ    (အလိုမရှိ)၊   သာသနာဖျက်  အကြမ်းဖက်များ အား   အမြစ်ဖြုတ်သုတ်သင်ရေး (ဒို့အရေး)၊  လူသတ်အကြမ်းဖက် မှန်သမျှ (ဆန့်ကျင်ကြ)၊  မြန်မာ နိုင်ငံသား ဗုဒ္ဓဘာသာဝင်တိုင်းရင်း သားများ ကိုးကွယ်ယုံကြည်သည့် ဘုရား၊ စေတီ၊   ဆင်းတုတော်များ အား စော်ကားဖျက်ဆီးသူ (ဒို့ရန်သူ)၊ ဘုရား၊   စေတီ၊   ဆင်းတုတော်များ ကို  ဖျက်ဆီးနေသော ပြည်ဖျက် မိစ္ဆာသောင်းကျန်သူများ   (ကျရှုံး ပါစေ)” စသည့် ကြွေးကြော်သံများ၊ ဆိုင်းဘုတ်များ    ကိုင်ဆောင်၍ ငြိမ်းချမ်းစွာ   ဆန္ဒထုတ်ဖော်ကြ ကြောင်း သတင်းရရှိသည်။  


သတင်းစဉ်