ဘုန်းတော်ကြီးသင်ပညာ‌ရေးကျောင်းရှိ ကျောင်းသား ကျောင်းသူများအား လွယ်အိတ်၊ ကျောင်းသုံးစာရေးကိရိယာနှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ လှူဒါန်း

 

ရန်ကုန်   ဖေဖော်ဝါရီ   ၂၆ 


Alibaba Philanthropy Group ၏ ထောက်ပံ့ ကူညီမှုဖြင့် Bank of China (Hong Kong) Limited Yangon Branch ၏ နှစ်ပတ်လည် အထိမ်းအမှတ် အဖြစ် တရုတ်နိုင်ငံဆိုင်ရာ ဆင်းရဲနွမ်းပါးမှုလျှော့ချ ရေး ဖောင်ဒေးရှင်း မြန်မာနိုင်ငံရုံးခွဲ တို့ ပူးပေါင်းစီစဉ်၍ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ရန်ကုန် သစ်ရပ်ကွက်ရှိ စိတ္တသုခ ဘုန်းတော်ကြီးသင်ပညာ ရေးကျောင်းတွင်    ပညာသင်ကြားလျက်ရှိသော မူလတန်းအဆင့် ကျောင်းသား ကျောင်းသူ  ၁၄၂ ဦး အတွက်   Panda Pack   အမည်ရ   (လွယ်အိတ်၊ ကျောင်းသုံးစာရေးကိရိယာနှင့်   တစ်ကိုယ်ရေသုံး ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ)   ကို ယနေ့ နံနက် ၉ နာရီက ထောက်ပံ့လှူဒါန်း‌ပေးသည်။

 


ထို့အပြင် အခြားလိုအပ်ချက်ရှိသော ကျောင်းသား ကျောင်းသူများအတွက် Panda Pack အမည်ရ (လွယ်အိတ်၊          ကျောင်းသုံးစာရေးကိရိယာနှင့်      တစ်ကိုယ်ရေသုံး ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများ) ပါဝင်သော အစုံရေ ၄၀၀၈၀ ကိုလည်း Alibaba Philanthropy Group ၏ ထောက်ပံ့ကူညီ မှုဖြင့် တရုတ်နိုင်ငံမှ ထပ်မံတင်သွင်း၍  ၂၀၂၁-၂၀၂၂  ပညာသင်နှစ်အတွင်းတွင်   ထပ်မံလှူဒါန်းသွားမည် ဖြစ်ပြီး  ထပ်မံတင်သွင်းလှူဒါန်းမည့်   ပစ္စည်းများ မြန်မာနိုင်ငံသို့    ရောက်ရှိနေပြီဖြစ်ပြီး    လာမည့် ရက်ပိုင်းအတွင်း ရှမ်းပြည်နယ်အတွင်းရှိ တောင်ကြီး မြို့နယ်၊ ဆီဆိုင်မြို့နယ်နှင့် ကလောမြို့နယ်များ အတွင်းရှိ ကျောင်းသား ကျောင်းသူများ၏ လက်ဝယ် အရောက် ပေးပို့လှူဒါန်းသွားမည်ဖြစ်‌ကြောင်း တရုတ် နိုင်ငံဆိုင်ရာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဖောင်ဒေး ရှင်း မြန်မာနိုင်ငံရုံးခွဲမှ  တာဝန်ရှိသူတစ်ဦးက ပြော သည်။

 


တရုတ်နိုင်ငံဆိုင်ရာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ဖောင်ဒေးရှင်း မြန်မာနိုင်ငံရုံးခွဲ (CFPA) အနေဖြင့်  Panda Pack Project ကို Alibaba Philanthropy Group ၏ ထောက်ပံ့ကူညီမှုဖြင့် ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနနှင့်အတူပူးပေါင်းကာ ၂၀၁၈ ခုနှစ်တွင်  မြန်မာနိုင်ငံအတွင်း စတင်အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်အထိ မြန်မာ နိုင်ငံအတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး ရှိ စာသင်ကျောင်းများမှ  အခြေခံပညာ  မူလတန်း အဆင့် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၄၀၀၀၀၀ ကျော်ခန့်အထိ   လှူဒါန်းနိုင်ခဲ့ပြီးဖြစ်‌ကြောင်း သိရ သည်။
                                     

သုတ