
နေပြည်တော် စက်တင်ဘာ ၈
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း မြို့နယ်အသီးသီး ရှိ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများ နှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများကို တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၆ ရက် နှင့် ၇ ရက်တို့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူ မြို့ရှိ ပုဗ္ဗာရုံပရိယတ္တိရွှေကျင်ကျောင်း၊ နမ္မလင်း ကျောင်းတိုက်၊ ဘုရားကြီးဝေယျာဝစ္စ တောင်ပေါ် ကျောင်း၊ ရွှေမြင်သာကျောင်း၊ မြို့ဦးကျောင်း၊ မြို့ လယ်ကျောင်း၊ ပညာလင်္ကာရသီလရှင်ကျောင်း၊ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ကွမ်းခြံကုန်း ကျေးရွာရှိ ကွမ်းခြံကုန်းကျောင်းတိုက်နှင့် မန္တလေး တိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် ငါးစို့တိုက် (မိဘမဲ့ဂေဟာ)ကျောင်းတို့ရှိ ဆရာတော်၊ သံဃာတော် များနှင့် သာသနာနွယ်ဝင် သီလရှင်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်း များနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာတိုင်း စစ်ဌာနချုပ်အသီးသီးမှ တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းကြသည်။
ထို့အပြင် လားရှိုးမြို့ရှိ ကျောင်းထိုင် ဘုန်းတော်ကြီးသင်ကျောင်း၊ အေးချမ်းမြေ့ကျောင်း တိုက်၊ ငါးမာန်အောင် မြို့ဦးကျောင်းတိုက်နှင့် သာသနာ- ၂၅၀၀ ကျောင်းတိုက်များရှိ သံဃာတော် များအား အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံ ဆေးအဖွဲ့များက မြို့နယ်ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်း၍ ယမန်နေ့ တွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/ မရှိ စစ်ဆေးပေးခြင်း များ ဆောင်ရွက်ပေးကြောင်း သိရသည်။
သတင်းစဉ်