ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့်ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

 

နေပြည်တော် ဩဂုတ် ၂၇

 

မြို့နယ်အသီးသီးရှိ   ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာ ရေးကျောင်းများ၌   ဆွမ်းဆန်တော်၊  ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ   ဆက်ကပ်လှူဒါန်းခြင်းနှင့်   ကျန်းမာ ရေး   စစ်ဆေးပေးခြင်းများကို    ဆောင်ရွက်လျက် ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်  ရန်ကုန် တိုင်းဒေသကြီး သန်လျင်မြို့နယ်     အောင်မင်္ဂလာ ရပ်ကွက်ရှိ မဟာခေမိကာရာမရွှေကျင်စာသင်တိုက်၊ မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်ရှိ ကုသိုလ်တော်ရိပ်သာ     ပရိယတ္တိစာသင်တိုက်နှင့် သာစည်မြို့နယ်ရှိ    ကြာကန်ကျောင်းတိုက်တို့ရှိ ဆရာတော်၊ သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊  ဆား၊  ပဲ အမယ်လေးမျိုး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ၊    နဝကမ္မအလှူငွေ များနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ် ဌာနချုပ်များမှ တာဝန်ရှိသူများက   သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်