ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့်  ဘာသာရေးကျောင်းများ၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ  အမယ်လေးမျိုး၊ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့်  ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်

 

နေပြည်တော်  စက်တင်ဘာ  ၁၃


တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာ ရှင်  အလှူရှင်များက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက် နေသည့်ကာလအတွင်း   ဆွမ်းကိစ္စရပ်များအဆင်ပြေစေရန်    မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေး ကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်း များလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေး ခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့လှူဒါန်းပေးလျက်ရှိရာ ယနေ့တွင်  နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနား မြို့နယ် အုန်းတောကျောင်းတိုက်၊ ဓမ္မာစရိယကျောင်းတိုက်၊ ဘုံမြင့်ကျောင်းတိုက်၊ သုခဝိဟာရသာမဏေကျော်ကျောင်းတိုက်၊  ဇေယျာသီရိမြို့နယ်  ရေဆင်းကန်ဦး ကျောင်းတိုက်၊  ဥတ္တရသီရိမြို့နယ်  ဝဇီရာနန္ဒဓမ္မစင်တာ၊   ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ရှမ်းစုရပ်ကွက်ရှိ  ဓမ္မိကာရာမကျောင်းတိုက်၊ သန်လျင်မြို့နယ် ကုလားဝဲကျေးရွာရှိ ကွင်းကျောင်း ကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့  မြောင်းမြကျောင်း ပရိယတ္တိစာသင်တိုက်၊ ဟိုင်းကြီးကျွန်းမြို့ ဒက္ခိဏာရုံကျောင်းတိုက်၊  ရခိုင်ပြည်နယ် အမ်းမြို့ မဟာဂန္ဓာရုံအေးရိပ်သာကျောင်းတိုက်၊ မဟာဂန္ဓာရုံတပ်ဦး ကျောင်းတိုက်နှင့် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် အောင်မင်္ဂလာရွာဦး ကျောင်းတိုက်တို့ရှိ  ဆရာတော်၊ သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များ အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းကြသည်။
၎င်းအပြင် ရှမ်းပြည်နယ်မြောက်ပိုင်း  လားရှိုးမြို့ရှိ စက္ခုပါလပရိယတ္တိစာသင် တိုက်၊ ဓမ္မသစ္စာကျောင်းတိုက်၊ ရွှေပြည်ငြိမ်းချမ်းဆုတောင်းပြည့်ကျောင်းတိုက်နှင့် သုခဝိဟာရကျောင်းတိုက်များရှိ သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များ အား အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးအဖွဲ့များက မြို့နယ်ကျန်းမာ ရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးကြောင်း သတင်းရရှိသည်။  
သတင်းစဉ်