
နေပြည်တော် စက်တင်ဘာ ၂
တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင် အလှူရှင်များက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန် ရည်ရွယ်၍ မြို့နယ်အသီးသီးရှိ ဘုန်းတော် ကြီးကျောင်းများ၊ သာသနာ့ နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေး ကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်း များလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ် လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်း များကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မွန်ပြည်နယ် မော်လမြိုင် မြို့ မြဆည်းဆာဘိုးဘွားရိပ်သာ၊ ရန်ကုန်တိုင်းဒေသကြီး အင်းစိန် မြို့နယ် အောင်ဆန်းရပ်ကွက်ရှိ မဟာမြိုင် ကျောင်းတိုက်နှင့် တိုက်ကြီးမြို့နယ် ဇရပ်ဖြူကျေးရွာ ရှိ သာသနာ့ ဝေပုလ္လကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး ချမ်းအေး သာစံမြို့နယ် ထီးလင်းကျောင်း တိုက်တို့ရှိ ဆရာတော်၊ သံဃာ တော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ နေ့ဆွမ်းများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများနှင့် လှူဖွယ်ပစ္စည်း များကို သက်ဆိုင်ရာ တိုင်းစစ် ဌာနချုပ်အသီးသီးမှ တိုင်းမှူးများ နှင့် တာဝန်ရှိသူများက သွား ရောက် ဆက်ကပ်လှူဒါန်းကြ သည်။
ထို့အပြင် ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ရှိ သာသနာ-၂၅၀၀ ကျောင်းတိုက်၊ တောင်ခါးရိုး ကျောင်းတိုက်၊ အထက်မန်အိုင် ကျောင်းတိုက်၊ အတုလဇေယျဝံသီကျောင်းတိုက် နှင့် အတုလဇေယျဝံသီသာသနာ့ ရိပ်သာများရှိ သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များ အား အရှေ့မြောက်တိုင်းစစ်ဌာန ချုပ်၊ နယ်မြေခံဆေးအဖွဲ့များက မြို့နယ် ကျန်းမာရေးဦးစီးဌာန ကျန်းမာရေး ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/ မရှိ စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးကြောင်း သတင်း ရရှိသည်။ သတင်းစဉ်