
နေပြည်တော် စက်တင်ဘာ ၁၇
တပ်မတော် (ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင် များက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက် လျက်ရှိသည်။
ထိုသို့ လှူဒါန်းပေးလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ် နံတော်စဉ်ကျောင်းတိုက်၊ ရတနာ့သိဒ္ဓိကျောင်းတိုက်၊ မာန်အောင်ကျောင်းတိုက်၊ ပုဗ္ဗသီရိမြို့နယ် ထူးကြီး ကျောင်းတိုက်နှင့် သစ္စာဝေလီသီလရှင် စာသင်တိုက်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်လန်မြို့ရှိ နောင်နင်း ကျောင်းတိုက်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံမြို့ မြို့မကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံ မြို့နယ် အနန်းပင်ရပ်ကွက်ရှိ ရွှေဥမင်တောရရိပ်သာ ကျောင်းတိုက်၊ သန်လျင်မြို့နယ် အလွမ်းဆွတ် ကျေးရွာရှိ အလွမ်းဆွတ်ကျောင်းတိုက်၊ ဧရာဝတီတိုင်း ဒေသကြီး ဒေးဒရဲမြို့ရှိ အောင်မင်္ဂလာကမ္မဋ္ဌာန်း ကျောင်းတိုက်၊ ကွင်းကျောင်းကျောင်းတိုက်၊ အိုးဘို ကျောင်းတိုက်နှင့် သာသနာ့ရောင်ခြည်စာသင်တိုက် (ရွှေကျင်)၊ မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံ မြို့နယ် ရတနာကြည်ရွှင်ကျောင်းတိုက်တို့ရှိ ဆရာတော်၊ သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် လေးမျိုး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် လှူဖွယ်ပစ္စည်း များကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူး များနှင့် တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်