ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများ၌ ဆွမ်းဆန်တော် ဆီ၊ ဆား၊ ပဲ အမယ် လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

 

နေပြည်တော်  ဩဂုတ်   ၂၅


မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေး ကျောင်းများတွင်   ဆွမ်းဆန်တော်၊   ဆီ၊  ဆား၊  ပဲ  အမယ် လေးမျိုးနှင့်   လှူဖွယ်ပစ္စည်းများ   လှူဒါန်း ခြင်း၊  နေ့ဆွမ်းများ   ဆက်ကပ်လှူဒါန်းခြင်းနှင့်  ကျန်းမာရေးစစ်ဆေးပေးခြင်းများကို  ဆောင်ရွက်လျက် ရှိသည်။


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်      ပျဉ်းမပင် ကျေးရွာရှိ   အာယုဒီကပျိုးဥယျာဉ် စာသင်တိုက်၊    မှော်ဘီမြို့နယ်  သဲဖြူကျေးရွာရှိ သိင်္ဂီဦးပရိယတ္တိ စာသင်တိုက်၊ စစ်ကိုင်းတိုင်းဒေသ ကြီး မုံရွာမြို့ ဆူးလေကုန်းရပ်ကွက် ရှိ ဓမ္မပါရဂူပါဠိတက္ကသိုလ်ကျောင်း တိုက်၊ ဘုရားကြီးရပ်ကွက်ရှိ မဟာ ဝိဇ္ဇာသိပ္ပံကျောင်းတိုက်၊ မန္တလေး တိုင်းဒေသကြီး ချမ်းမြသာစည် မြို့နယ်ရှိ အောင်ချမ်းသာပရိယတ္တိ စာသင်တိုက်၊ သပိတ်ကျင်းမြို့နယ် ညောင်ပင်သာကျေးရွာရှိ   ဇောတိ ရတနာကျောင်းတိုက်နှင့် မကွေး တိုင်းဒေသကြီး   မကွေးမြို့နယ် သန်းတောကုန်းကျေးရွာ  ရွာဦး ကျောင်းတိုက်တို့ရှိ   ဆရာတော်၊ သံဃာတော်များနှင့်     သာသနာ့ နွယ်ဝင် သီလရှင်များအားဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ ကိုဗစ်-၁၉  ရောဂါ  ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင် ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းစစ်ဌာနချုပ်များမှ   တိုင်းမှူး များနှင့်    ဌာနဆိုင်ရာ  တာဝန်ရှိ သူများက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြသည်။


လှည့်လည်ကြည့်ရှု


ထို့ပြင်   စစ်ကိုင်းတိုင်းဒေသ ကြီး မုံရွာမြို့ ကျောက္ကာ(တောင်)ကျေးရွာရှိ ကျောက္ကာရွှေဂူနီစေတီတော်မြတ်ကြီးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်     ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့် နှင့်    တာဝန်ရှိသူများက  ယနေ့ နံနက်ပိုင်းတွင် သွားရောက်ဖူးမြော် ပြီး ဘုရားဖူးလာပြည်သူများအနေ ဖြင့်    ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်း ချက်များနှင့်အညီ     ဖူးမြော်ကြည် ညိုနိုင်ရေးနှင့်     စေတီတော်ကြီး ပတ်ဝန်းကျင်    သန့်ရှင်းသာယာ ရေး ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှု၍      အလှူ ငွေကျပ် ၁၀  သိန်းကို   ပေးအပ် လှူဒါန်းရာ    တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သတင်း ရရှိသည်။


သတင်းစဉ်