
နေပြည်တော် ဇူလိုင် ၂၈
တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်း များက တိုင်းစစ်ဌာနချုပ်များအလိုက် မြို့နယ်အသီးသီးရှိ ဘုန်းတော် ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာ ရေးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်း နှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေ ပျဉ်းမနားမြို့နယ်ရှိ မင်္ဂလာဇေယျုံပါဠိ တက္ကသိုလ်ကျောင်းတိုက်၊ အုန်းတောကျောင်းတိုက်၊ ဈေးကုန်းကျောင်းတိုက်၊ ကန်လယ်ကျောင်း တိုက်၊ လယ်တီစံကျောင်းတိုက်၊ ရတနာသိဒ္ဓိကျောင်းတိုက်၊ တနင်္သာရီ တိုင်းဒေသကြီး ထားဝယ်မြို့ ဗျောတောဝရပ်ကွက်ရှိ ပန်သုံးဝ ဘုန်းတော်ကြီးကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ပလရရပ်ကွက်ရှိ အရိယာရိပ်သာကျောင်းတိုက်၊ မှော်ဘီမြို့နယ် ဝါးနက်ချောင်းကျေးရွာရှိ မိဂဒါရုံတောရကျောင်းတိုက်၊ ဧရာဝတီတိုင်း ဒေသကြီး ညောင်တုန်းမြို့ရှိ ပုဏ္ဏမာရာမဈေးကျောင်းတိုက်နှင့် မန္တလေး တိုင်းဒေသကြီး မန္တလေးမြို့ ချမ်းသာကြီးတောင်တိုက်၊ ရတနာဗိမာန် စာချကျောင်းတို့ရှိ သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင် များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် လှူဖွယ်ပစ္စည်း များကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များအလိုက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်၍ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်