ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများ၌ ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ  အမယ်လေးမျိုး၊ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ကျန်းမာရေးစစ်ဆေးပေးခြင်းများဆောင်ရွက်

 

 

နေပြည်တော် စက်တင်ဘာ  ၁၄


တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင် အလှူရှင် များက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ  ဆောင်ရွက်နေသည့်  ကာလအတွင်း ဆွမ်းကိစ္စရပ်များ    အဆင်ပြေစေရန်  ရည်ရွယ်၍ မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာ ရေးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများကို   ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၁၃ ရက်နှင့် ယနေ့တို့တွင် နေပြည်တော် ကောင်စီနယ်မြေ ပျဉ်းမနားအရှေ့ခြမ်းတောင်ပေါ်ဒေသရှိ ပြဒါးချောင်း ကျေးရွာဘုန်းတော်ကြီးကျောင်း၊   ညောင်ပင်ကုန်းဘုန်းတော်ကြီးကျောင်းနှင့် ဂမုန်း တောင်ဘုန်းတော်ကြီးကျောင်း (ယာပုံ)၊ ပျဉ်းမနား မြို့နယ် မင်္ဂလာဇေယျုံ       ပါဠိတက္ကသိုလ်ကျောင်းတိုက်၊ မဟာလယ်တီစံကျောင်းတိုက်၊ ဝိပဿနာကျောင်း တိုက်၊   မူလသုဓမ္မာမေဒနီ   သီလရှင်စာသင်တိုက်၊  ပုဗ္ဗသီရိမြို့နယ်    ဉာဏဂုဏ်ရည်စာသင်တိုက်၊   ကျောင်းစုကျောင်းတိုက်နှင့် ကြာကန်ကျောင်းတိုက်၊   ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ရဲစုကျေးရွာရှိ ရဲစုရွာဦးကျောင်းတိုက်နှင့်       လှည်းကူးမြို့နယ် အင်းတိုင်ကျေးရွာရှိ       စွန်းလွန်ဂူကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့ ဒက္ခိဏာ ရာမ(ရွှေကျင်)ပရိယတ္တိစာသင်တိုက်၊  မန္တလေးတိုင်း ဒေသကြီး  အောင်မြေသာစံမြို့နယ်  သစ်ဆိမ့်ကျောင်း တိုက်တို့ရှိ ဆရာတော်၊ သံဃာတော်များနှင့် သာသနာ့ နွယ်ဝင် သီလရှင်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊  ပဲ  အမယ်လေးမျိုး၊  ကိုဗစ်-၁၉  ရောဂါ ကာကွယ်ရေး   အထောက်အကူပြုပစ္စည်းများနှင့်   လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် များမှ    တိုင်းမှူးများနှင့်   တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းကြသည်။
၎င်းအပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုး မြို့ရှိ စက္ခုပါလပရိယတ္တိ စာသင်တိုက်၊ ဓမ္မသစ္စာ ကျောင်းတိုက်၊ ရွှေပြည်ငြိမ်းချမ်းဆုတောင်းပြည့် ကျောင်းတိုက်နှင့် သုခဝိဟာရကျောင်းတိုက်များရှိ သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များ အား အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံ ဆေးအဖွဲ့များက   မြို့နယ်ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်း၍ ယနေ့နံနက် ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေး ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်