
နေပြည်တော် စက်တင်ဘာ ၅
တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်း များနှင့် စေတနာရှင်အလှူရှင်များက ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်း ကိစ္စရပ်များ အဆင်ပြေစေရန် မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်း များ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်း များတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၄ ရက်နှင့် ယနေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း ခိုလမ်မြို့ သီရိမင်္ဂလာကျောင်းတိုက်နှင့် မဟာဗောဓိကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်ရှိ သီရိမင်္ဂလာသိပ္ပံကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီး ကျွန်းမြို့ မဟာစန္ဒာရုံကျောင်းတိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ မဟာသန္တာရုံကျောင်းတိုက်နှင့် ကံသာယာထေရဝါဒဗုဒ္ဓသာသနာပြု ဗဟိုကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် အထက် လေသာကျောင်းတိုက်၊ ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ရွာဘဲရပ်ကွက် အဓိပတိမဟာဂန္ဓဝင်ဘုန်းတော်ကြီးကျောင်းတို့ရှိ ဆရာတော်၊ သံဃာ တော်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ၊ လှူဖွယ် ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူး များနှင့် တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းကြသည်။
ထို့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ရှိ အောင်ချမ်းသာ ကျောင်းတိုက်၊ အောင်မြဘုံစံထင်းရှူးတောင်ကျောင်း၊ မဏိဇောတ ကျောင်းတိုက်၊ သာသနာ့ရံသီကျောင်းတိုက်၊ မဟာမြိုင်တောရကျောင်း တိုက်နှင့် အောင်သိဒ္ဓိကိုးတောင်ပြည့်ကျောင်းတိုက်များရှိ သံဃာ တော်များနှင့် သာသနာ့နွယ်ဝင်သီလရှင်များအား အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၊ နယ်မြေခံဆေးအဖွဲ့များက မြို့နယ်ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
သတင်းစဉ်