
နေပြည်တော် ဇန်နဝါရီ ၁၉
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဘုန်းကြီးကျောင်းများသို့ ဆွမ်းဆန် တော်၊ ဆီ၊ ကုလားပဲ အမယ်သုံးမျိုးကို ရဟန်း၊ သာမဏေများအတွက် ဆက်ကပ်လှူဒါန်း လျက်ရှိသည်။
ထိုသို့ လှူဒါန်းမှုအပြင် မြိတ်ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးစံနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဒုတိယဦးစီးမှူး ဦးဝင်းဘိုဘိုထွန်းတို့သည် ဇန်နဝါရီ ၁၉ ရက်က မြိတ်မြို့ မဇောကျေးရွာအုပ်စု အရှေ့ပျဉ်ချောင်းကျေးရွာရှိ ကက်သလစ် ခရစ်ယာန်ဘုရားရှိခိုးကျောင်းသို့ ဆန်၊ ဆီ၊ ကုလားပဲပစ္စည်းများကို ထောက်ပံ့လှူဒါန်းရာ ဘရာသာ ဦးစိုးကိုကို၊ ဆရာမ ဒေါ်တိုးတိုးလွင်တို့က လက်ခံရယူသည်။ နယ်စပ်ရေးရာဝန်ကြီး ဌာနအနေဖြင့် တနင်္သာရီတိုင်းဒေသကြီးနှင့် ခရိုင်/မြို့နယ်များရှိ ဘုန်းတော်ကြီးကျောင်း၊ Church ကျောင်းများနှင့် ကိုဗစ်-၁၉ ကုသရေးစင်တာများသို့လည်း ဆက်လက်ထောက်ပံ့လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်