ဘတ်ဈေးကျဆင်းမှုကြောင့် မြဝတီကုန်သွယ်ရေးဇုန်၌ သွင်းကုန်များ ပိုမိုတင်သွင်းလျက်ရှိ

 

နေပြည်တော်  ဖေဖော်ဝါရီ  ၂၃


မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံ သို့ ပို့ကုန်တင်ပို့မှုအနေဖြင့် ဖေဖော်ဝါရီ ၁၅ ရက်မှ ၁၈ ရက်အထိ ကာလအတွင်း လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက် ပစ္စည်းများနှင့် CMP ပစ္စည်းများ တင်ပို့ခဲ့ ကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှ သိရ သည်။

 


လယ်ယာထွက်ကုန်   ပစ္စည်းများမှာ ကွမ်းရွက်၊ နှမ်း၊ ပီလောပီနံ၊ ငရုတ်၊ ဂေါ်ဖီ ထုပ်၊ ဆန်ကွဲ၊   ကြက်သွန်နီ၊   ဆန်မှုန့်၊ မန်ကျည်းသီး၊ နနွင်း၊ ပြောင်း၊ မြေပဲနှင့် ရော်ဘာတို့ဖြစ်ပြီး ရေထွက်ကုန်ပစ္စည်း များမှာ ဂုံး၊ ခရု၊ ငါးတီး၊ ပုစွန်၊ ငါးရှဉ့်၊ ငါးခွေးလျှာ၊ ကဏန်း၊ ငါးဓားလွယ်၊ အုန်း ငါးမုတ်၊  ကျောက်ငါး၊   ငါးသလောက်၊ ကကူရံ၊ ငါးပါးနီ၊ တိရစ္ဆာန်အစာပြုလုပ်ရန် ငါးမှုန့်တို့ဖြစ်ပြီး   CMP   တင်ပို့မှုမှာ အမျိုးသား အမျိုးသမီးဝတ် အထည် အလိပ်များ တင်ပို့လျက်ရှိသည်။

 


အများဆုံးပို့ကုန် ပစ္စည်းများအနေဖြင့် ပြောင်းစေ့၊ CMP၊ ပီလောပီနံ၊ ရေထွက် ပစ္စည်း၊ ဆန်ကွဲ၊ ရော်ဘာ၊ ထရန်စဖော်မာ၊ ကြက်သွန်နီ၊  ငရုတ်၊  ဆန်မှုန့်၊   စတီး (ငြမ်းစင်)၊ မြေပဲ၊ ဂေါ်ဖီထုပ်၊ မန်ကျည်းသီး၊ ဖြတ်စ (အလူမီနီယံဘူးခွံ)၊  အပူချိန်တိုင်း ကိရိယာ၊ ပီနံအိတ်၊ ကွမ်းရွက်၊ စက်ဘီးနှင့် စက်ဘီးအပိုပစ္စည်း၊ ငါးဖမ်းပိုက်နှင့် အခြား ပစ္စည်းများ ဖြစ်သည်။ ယခုအခါ   ထိုင်း နိုင်ငံ၌ ခရီးသွားလုပ်ငန်းများ ပြန်လည် စတင်ခြင်းကြောင့်   စားသောက်ကုန် လုပ်ငန်းများ   တွင်ကျယ်လာခြင်းနှင့်   စားသောက်ဆိုင်များတွင် အသုံးပြုရန် လိုအပ်ခြင်းကြောင့် ဝယ်လိုအားမြင့်တက် နေ၍  ယခင်နှစ်ကထက် ပိုမိုတင်ပို့နိုင်ခဲ့ ခြင်းဖြစ်သည်။

 


အများဆုံးပို့ကုန် ပစ္စည်းများဖြစ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန် များဖြစ်သည့် ကြက်သွန်နီ၊ ငရုတ်၊ ဂေါ်ဖီ ထုပ်တို့ကို  အမြန်တင်ပို့နိုင်ရေးအတွက် ကုန်သွယ်ရေးဇုန်မှအချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိသည်။

 


သွင်းကုန်တင်သွင်းမှု    အနေဖြင့် တိရစ္ဆာန်အစာ၊ စက်ဘီး၊ စာရေးကိရိယာ၊ ကားအပိုပစ္စည်း၊       အဝတ်အထည်၊ ဆောက်လုပ်ရေး    လုပ်ငန်းသုံးပစ္စည်း၊ အလှကုန်ပစ္စည်း၊ ဆိုင်ကယ်အပိုပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊  စားသောက်ကုန်၊   ဖိနပ် နှင့်  ဖိနပ်ကုန်ကြမ်းပစ္စည်း၊    သစ်သီး၊ Garment၊ အိမ်သုံးပစ္စည်း၊ စက်ရုံသုံးပစ္စည်း၊ စက်ဆီ/ ချောဆီ၊   စက်ပစ္စည်းကိရိယာ များ၊ ဆေး၊  ထုပ်ပိုးပစ္စည်း၊ သုတ်ဆေး၊ လူသုံးကုန်ပစ္စည်း၊   ကုန်ကြမ်းပစ္စည်း၊ အသုံးပြုပြီး စက်လှေကား၊     အားကစား ပစ္စည်း၊   လယ်ထွန်စက်အပိုပစ္စည်းနှင့်   ငါးဖမ်းပစ္စည်းကိရိယာများ   တင်သွင်း လျက် ရှိသည်။

 


အများဆုံးသွင်းကုန်   ပစ္စည်းများမှာ စားသောက်ကုန်၊ စက်ရုံသုံးပစ္စည်း၊ စက်မှု ကုန်ကြမ်းပစ္စည်း၊ လယ်ယာသုံးပစ္စည်း၊ ယာဉ်/ယန္တရားအပိုပစ္စည်း၊ အိမ်သုံးပစ္စည်း၊ ဆောက်လုပ်ရေး   လုပ်ငန်းသုံးပစ္စည်း၊ စာရေးကိရိယာ၊ လျှပ်စစ်ပစ္စည်း၊ ဆိုင်ကယ် အပိုပစ္စည်း၊  ထုပ်ပိုးပစ္စည်း၊   အလှကုန် ပစ္စည်း၊ ဆေး၊ တိရစ္ဆာန်အရှင်၊ Garment၊ ဖိနပ်နှင့် ဖိနပ်ကုန်ကြမ်းပစ္စည်း၊ အဝတ် အထည်၊  ကားအပိုပစ္စည်း၊   သုတ်ဆေး၊ တိရစ္ဆာန်အစာ၊ စက်ဘီး၊ သစ်သီး၊ စက်နှင့် စက်ပစ္စည်း၊ LPG ၊ ငါးမျှားတံနှင့် အခြား ကုန်ပစ္စည်းတို့ဖြစ်သည်။

 


ဇန်နဝါရီ ၅ ရက်မှစတင်၍  မြဝတီ ကုန်သွယ်မှုလမ်းကြောင်းများ    ပုံမှန် ဖြစ်ပေါ်လာပြီး ပို့ကုန်၊ သွင်းကုန်လုပ်ငန်း များ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပြီး ယခုအခါ ပြောင်းဆန်များ တိုးမြှင့် တင်ပို့လာနိုင်ခြင်းနှင့် တရုတ်နှစ်သစ်ကူး နောက်ပိုင်း တစ်ဖက်နိုင်ငံမှလုပ်ငန်းများ တိုးမြှင့်  ဆောင်ရွက်လာခြင်းတို့ကြောင့် ဘတ်စျေးများ  တဖြည်းဖြည်း   ကျဆင်း လျက်ရှိသည်။   ငွေစျေးနှုန်းအနေဖြင့် ယခင်အပတ်က တစ်ဘတ်လျှင် ၈၅ ဒသမ ၄၇ ကျပ်ထိရှိခဲ့ပြီး ယခုအပတ်တွင် ၈၄ ဒသမ ၀၃ ကျပ်ခန့်အထိရှိရာ ဘတ်စျေး အနည်းငယ်ပြန်ကျလာသဖြင့် သွင်းကုန် များ ပိုမိုတင်သွင်းလျက်ရှိကြောင်း သိရ သည်။ 


သီရိ၊
သတင်းရင်းမြစ် - commerce.gov.mm