
ပရီမီယာလိဂ်ပွဲစဉ် (၃၇) မှ မေ ၂၀ ရက် ည ၆ နာရီက ယှဉ်ပြိုင်ကစားခဲ့သည့် စပါးနှင့် ဘရန့်ဖို့ဒ်အသင်းတို့ ပွဲစဉ်တွင် ဘရန့်ဖို့ဒ်အသင်းက သုံးဂိုး - တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ အဆိုပါ ပွဲစဉ်ကို စပါးအိမ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ပြီး ပွဲကြည့်ပရိသတ် ၆၁၀၀၀ ကျော် လာရောက်ကြည့်ရှုခဲ့သည်။
ဦးဆောင်ဂိုးကို စပါးအသင်းက စတင်ရရှိခဲ့သော် လည်း ချေပဂိုးနှင့် အနိုင်ဂိုးများ ဆက်တိုက်ခွင့်ပြု ပေးခဲ့ရသည့်အတွက် ဘရန့်ဖို့ဒ်အသင်းကို ဂိုးပြတ်နှင့် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် စပါးအသင်းသည် ယခုနှစ်ရာသီ နောက်ဆုံးယှဉ်ပြိုင်ကစား ခဲ့သည့် အိမ်ကွင်းပွဲစဉ်တွင် ဂိုးပြတ်ရှုံးနိမ့်ခဲ့ခြင်းလည်း ဖြစ်သည်။ ဦးဆောင်ဂိုးကို ဟယ်ရီကိန်းက သွင်းယူပေးနိုင်ခဲ့သည်။ ဘရန့်ဖို့ဒ်အသင်း အတွက် သွင်းဂိုးများကို အမ်ဗျူမိုနှင့် ဝစ်ဆာတို့က သွင်းယူပေးနိုင် ခဲ့သည်။
ဘောလုံးအသင်းလောင်းကစားစည်းမျဉ်းများကို ချိုးဖောက်မှု ကြောင့် ဘရန့်ဖို့ဒ် အဓိကတိုက်စစ်မှူး အီဗန်တိုနေ ရှစ်လကြာ ပိတ်ပင်ခံရပြီးနောက် ရက်အနည်းငယ်အကြာတွင် အမ်ဗျူမိုက အသင်း အတွက် ခြေစွမ်းပြ ဂိုးသွင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။ စပါးအသင်းသည် ယခုပွဲစဉ် ရှုံးနိမ့်မှုကြောင့် ၃၇ ပွဲကစားပြီး ၅၇ မှတ်ရရှိထားသည့်အတွက် ဥရောပဝင်ခွင့်တစ်နေရာရရှိရေးမျှော်လင့်ချက် ပျက်သုဉ်းလုနီး ဖြစ်ခဲ့ ရသည်။
အခြားပွဲစဉ်ရလဒ်များတွင် ဘုန်းမောက်ကို မန်ယူက တစ်ဂိုး - ဂိုးမရှိဖြင့်နိုင်ပြီး ဖူလ်ဟမ်နှင့် ပဲလေ့စ် နှစ်ဂိုးစီသရေ၊ လီဗာပူးနှင့် ဗီလာ တစ်ဂိုးစီသရေ၊ ဝုလ်ဖ်နှင့် အဲဗာတန် တစ်ဂိုးစီသရေ ဖြစ်ခဲ့သည်။ နော်တင်ဟမ်ဖောရက်စ်က အာဆင်နယ်ကို တစ်ဂိုး - ဂိုးမရှိဖြင့် အနိုင်ရ သည်။
အောင်ဇော်