
ဆော်ပိုလို ဖေဖော်ဝါရီ ၂၃
ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်း ဒေသတွင် ရေကြီးမြေပြိုမှုများ ဖြစ်ပွားခဲ့ရာ ဆော်ပိုလိုပြည်နယ် ၌ သေဆုံးသူဦးရေမှာ ၄၈ ဦး အထိ တိုးလာပြီဖြစ်သည်။
ကယ်ဆယ်ရေး လုပ်သားများ ကလည်း ပျောက်ဆုံးနေသူများကို ဆက်လက် ရှာဖွေနေကြသည် ဟု ဒေသခံအာဏာပိုင်များက ဖေဖော်ဝါရီ ၂၂ ရက်တွင် ပြော သည်။ ဆောက်ဆာဘတ်တီယာအို ဒေသမှ သေဆုံးသူ ၄၇ ဦးရှိပြီး တစ်ဦးမှာမူ အူဘတ်တူဘာမှ ဖြစ်သည်ဟု ဆော်ပိုလိုပြည်နယ် အစိုးရကပြောသည်။
ပျောက်ဆုံးနေသူ ၄၀ ရှိပြီး ၎င်းတို့မှာ မြေပြိုမှုကြောင့် ရွှံ့နွံ များအောက်တွင် ရောက်နေမည် ဟု ခန့်မှန်းထားသည်။ ကလေး သုံးဦးကို ကယ်တင်နိုင်ခဲ့ပြီး ကလေးခြောက်ဦး အပါအဝင် ၂၈ ဦးမှာ ဆေးရုံတက်ကုသမှု ခံယူနေရသည်ဟု အစိုးရက ပြောသည်။ ပြည်နယ်အတွင်း ခရီးသွားများ စိတ်ဝင်စားရာ နေရာဖြစ်သည့် ကမ်းရိုးတန်းဒေသ တွင် မိုးသည်းထန်စွာ ရွာသွန်းမှု နှစ်ကြိမ်ဆက်တိုက် ဖြစ်ပေါ်ခဲ့ သည်။
ဘရာဇီးရေတပ်သည် ဆော်ပို လိုမြို့ အရှေ့မြောက်ဘက် ၁၉၀ ကီလိုမီတာအကွာတွင် ရွေ့လျား ဆိပ်ကမ်းတစ်ခုပြုလုပ်ပြီး သောင် တင်နေသည့် ခရီးသွားများ ထွက်ခွာနိုင်ရေး စီစဉ်ပေးခဲ့ရ သည်။
ဆင်ဟွာ