
ဆော်ပိုလို အောက်တိုဘာ ၁၄
ဘရာဇီးနိုင်ငံ၌ ကိုဗစ်-၁၉ ကပ် ရောဂါကာလအတွင်း လူ့အသက် များ ကယ်တင်ရန် လုပ်ဆောင် နေစဉ် ကိုဗစ်-၁၉ ကူးစက်ခံရ ပြီးနောက် ကျန်းမာရေးဝန်ထမ်း ၄၅၀၀ သေဆုံးကြောင်း ပြည်သူ့ ဝန်ဆောင်မှု လုပ်သားများကို ကိုယ်စားပြုသည့် ကမ္ဘာလုံးဆိုင်ရာ အဖွဲ့ချုပ်က အောက်တိုဘာ ၁၃ ရက်တွင် ပြောကြားသည်။
သေဆုံးသူများ ထဲတွင် သူနာပြု ၁၁၈၄ ဦး ပါဝင်ကြောင်း သိရပြီး ၁၀ ဦးတွင် ရှစ်ဦးမှာ အမျိုးသမီးများ ဖြစ်ကြကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်ရေးရာ အဖွဲ့နှင့် ဆက်စပ်သည့် နိုင်ငံတကာ ပြည်သူ့ဝန်ဆောင်မှု (ပီအက်စ်အိုင်) က ထုတ်ပြန်ထား သည်။ သေဆုံးမှုများသည် ၂၀၂၀ ပြည့်နှစ် မတ်လမှ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကြား စာရင်းဖြစ် ကြောင်း ပီအက်စ်အိုင်က ပြောကြားသည်။
ယခုအချိန်အထိ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၆၈၇၀၂၆ ဦး ဖြင့် ဘရာဇီးနိုင်ငံသည် ကမ္ဘာပေါ် တွင် အမေရိကန်နိုင်ငံပြီးလျှင် ဒုတိယမြောက် သေဆုံးမှုအများ ဆုံးဖြစ်ပြီး အမေရိကန်နှင့် အိန္ဒိယ နိုင်ငံတို့ပြီးလျှင် တတိယမြောက် ကိုဗစ်-၁၉ ဖြစ်ပွားမှု အများဆုံး နိုင်ငံဖြစ်ကြောင်း ဘရာဇီးကျန်းမာ ရေးဝန်ကြီးဌာန၏ အချက် အလက်များအရ သိရသည်။
ပီအက်စ်အိုင်သည် နိုင်ငံပေါင်း ၁၅၄ နိုင်ငံတွင် အလုပ်သမား သန်း ၃၀ ကို ကိုယ်စားပြုသည့် အလုပ်သမားသမဂ္ဂ ၇၀၀ ကျော်ကို စုစည်းထားကြောင်း ၎င်း၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထား သည်။
ဆင်ဟွာ