
ရီးယိုဒီဂျနေးရိုး ဩဂုတ် ၃
ဘရာဇီးနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ တစ်သိန်းလျှင် ၂၆၅ ဦးနှုန်း သေဆုံးကြောင်း ဘရာဇီးကျန်းမာရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဘရာဇီးနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှုတွင် အမေရိကန်နိုင်ငံပြီးလျှင် ကမ္ဘာ့ နိုင်ငံများအနက် ဒုတိယအများဆုံး နိုင်ငံဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုတွင်မူ အမေရိကန်နိုင်ငံ နှင့် အိန္ဒိယနိုင်ငံတို့၏ နောက်တွင် တတိယ အများဆုံးနိုင်ငံအဖြစ် ရပ်တည်လျက်ရှိသည်။
ထို့ပြင် ဘရာဇီးနိုင်ငံ၌ လွန်ခဲ့ သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၃၈၉ ဦးရှိခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံး သူပေါင်း ၅၅၇၂၂၃ ဦးရှိလာ ကြောင်း ဘရာဇီးကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားသည်။
ဘရာဇီးကျန်းမာရေးဝန်ကြီး ဌာန၏ ပြောကြားချက်အရ လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၅၁၄၃ ဦး ထပ်မံတွေ့ရှိခြင်း ကြောင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၁၉၉၅၃၅၀၁ ဦးရှိလာကြောင်း သိရသည်။
လက်ရှိတွင် ဘရာဇီးနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတစ်ကြိမ်ထိုးနှံပြီးသူ ၁၀၀ ဒသမ ၈ သန်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှစ်ကြိမ်စလုံးထိုးနှံပြီးသူ ၄၁ ဒသမ ၄ သန်းရှိကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်