ဘရာဇီးနိုင်ငံ ပက်ထရိုပိုလီစ်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သောကြောင့် ရေကြီး၊ မြေပြိုမှုများဖြစ်ပွားပြီး သေဆုံးသူ ၁၈၅ ဦးအထိ ရှိလာ

 

ရီယိုဒီဂျနေးရိုး  ဖေဖော်ဝါရီ  ၂၃ 


ဘရာဇီးနိုင်ငံ       ရီယိုဒီဂျနေးရိုး မြောက်ဘက်ရှိ ပက်ထရိုပိုလီစ်မြို့ တွင်     မှတ်တမ်းတင်ရလောက် အောင် မိုးအကြီးအကျယ် ရွာသွန်း ခဲ့သောကြောင့် ရေကြီး၊ မြေပြိုမှု များ   ဖြစ်ပွားပြီး    သေဆုံးသူ  ၁၈၅ ဦးအထိ  ရှိလာခဲ့ကြောင်း ဒေသဆိုင်ရာ   အာဏာပိုင်များက ဖေဖော်ဝါရီ ၂၂ ရက်က  ပြောကြား လိုက်သည်။ 

 

မိုးသည်းထန်စွာ  ရွာသွန်းမှု များနှင့်  မြေပြိုမှုများ  ဆက်လက် ဖြစ်ပေါ်နေသောကြောင့်ကယ်ဆယ် ရေးသမား ၄၀၀ ကျော် ကယ်ဆယ် ရေးလုပ်ငန်းများ ရပ်ဆိုင်းထားရ ကြောင်းနှင့်    လူ  ၈၅  ဦး   ထပ်မံ ပျောက်ဆုံးလျက်ရှိကြောင်း ရီယိုဒီ ဂျနေးရိုးပြည်နယ်  မီးသတ်ဌာန က  ပြောကြားလိုက်သည်။ 

 


ရီယိုဒီဂျနေးရိုး     အုပ်ချုပ် ရေးမှူး ကလော်ဒီယိုက်စ်ထရိုက ဖေဖော်ဝါရီ ၁၅ ရက်သည် ၁၉၃၂  ခုနှစ်မှစကာ မိုးအသည်းထန်ဆုံး ရွာသွန်းခဲ့သော နေ့တစ်နေ့အဖြစ် တွေ့မြင်ခဲ့ကြောင်း    ပြောကြား လိုက်သည်။ စီးပွားရေး လုပ်ငန်း များကို ဖေဖော်ဝါရီ ၂၂ ရက်တွင် ပြန်လည်   ဖွင့်လှစ်ခဲ့သော်လည်း ပြည်သူများသည် ၎င်းတို့၏နေအိမ် များကို  ဆက်လက်ရှင်းလင်းလျက် ရှိသည်။    ထို့အတူ    သမိုင်းဝင် အဆောက်အအုံများနှင့် မြို့တော် ဒေသများကိုလည်း   ရှင်းလင်းမှု များ ဆက်လက်လုပ်ဆောင်လျက် ရှိသည်။ 

 


မြေကြီးများနှင့် အပျက်အစီး တန် ၆၂၀ ခန့်ကို ဖယ်ရှားရှင်းလင်း ပြီးဖြစ်ကြောင်း အညစ်အကြေးနှင့် စွန့်ပစ်ပစ္စည်း     သိမ်းဆည်းရေး ကုမ္ပဏီက ပြောကြားသည်။ 


ဆင်ဟွာ