ဘရာဇီးဂန္ထဝင်ဘောလုံးသမားကြီး ပီလီ ကွယ်လွန်မှုအတွက် ကာတာကမ္ဘာ့ဖလား ကစားသမားများက ဝမ်းနည်းကြောင်းပြော

 

ရီယိုဒီဂျနေးယိုး ဒီဇင်ဘာ ၃၀
ကမ္ဘာ့ဖလားဆုကြီးကို  သုံးကြိမ် ရရှိထားခဲ့ဖူးသူ  ဘရာဇီးဂန္ထဝင် ဘောလုံးသမားကြီး  ပီလီသည် အသက် ၈၂ နှစ်တွင်  ကွယ်လွန် သွားပြီဖြစ်သည်။ ဒီဇင်ဘာ ၂၉ ရက်  ညက  ပီလီ၏  တရားဝင် အင်စတာဂရမ်        အကောင့်မှ တစ်ဆင့် ပီလီသေဆုံးသွားပြီဖြစ် ကြောင်း       ကြေညာခဲ့ခြင်းဖြစ် သည်။ ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ဘောလုံးသမားများကလည်း ပီလီသေဆုံးသွားမှု  အတွက် ဝမ်းနည်းကြောင်း အလေးအနက် ထုတ်ဖော်ပြောကြားကြသည်။
ဘရာဇီးဘောလုံး  အကျော် အမော်  နေမာကလည်း  “ပီလီ သည် ဘောလုံးအားကစားကို အနုပညာနှင့် ဖျော်ဖြေမှုအဖြစ် ပြောင်းလဲသူ”ဟု       ၎င်း၏ အင်စတာဂရမ်မှ      တစ်ဆင့် ပြောကြားခဲ့သည်။ ဘရာဇီးနိုင်ငံ နှင့်အားကစားကို မြှင့်တင်ပေးခဲ့ သောပီလီ၏ အခန်းကဏ္ဍကို လည်း      အသိအမှတ်ပြု  ပြောကြားသည်။
အာဂျင်တီးနားကို   ကမ္ဘာ့ ဖလားရရှိအောင် စွမ်းဆောင် ပေးနိုင်ခဲ့သည့်            လီယိုနယ် မက်ဆီကလည်း “ငြိမ်ချမ်းစွာ အနားယူပါ တော့”ဟု   ပီလီ၏   သေဆုံးမှုအတွက်    ရေးသားခဲ့ သည်။  ရွှေဖိနပ်ဆုရှင်   ပြင်သစ် အသင်းမှ   ဘက်ပီကလည်း  ပီလီချန်ရစ်ခဲ့ သောအရာများကို မေ့ပစ်နိုင်မည်       မဟုတ်ဟု   ပြောကြားခဲ့သည်။
ပီလီသည်        လွန်ခဲ့သည့်နှစ် စက်တင်ဘာလမှစတင်ကာ အူမကြီးမှ  အကျိတ်ကို  ဖယ်ရှား ရန်အတွက် ခွဲစိတ်မှုပြုလုပ်နိုင် ရေး      ဆေးရုံ     တက်လိုက် ဆင်းလိုက်            လုပ်ဆောင်ခဲ့ရ သည်။
အင်န်အိတ်ချ်ကေ