
တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲမှ နိုဝင်ဘာ ၁၇ ရက် နံနက် ၆ နာရီခွဲက ယှဉ်ပြိုင်ကစားခဲ့သည့် ကိုလံဘီယာနှင့် နာမည်ကြီး ဘရာဇီးအသင်းပွဲစဉ်တွင် ကိုလံဘီယာအသင်းက နှစ်ဂိုး- တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ဘရာဇီးအသင်းသည် ယခုပွဲရှုံးနိမ့်ခဲ့ သည့်အတွက် တောင်အမေရိကဇုန်ကမ္ဘာ့ဖလားခြေစစ်ပွဲ နောက်ဆုံးသုံးပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့သည့် မှတ်တမ်းရရှိခဲ့သည်။ ၎င်းမှာ ၂၀၁၉ ခုနှစ်နောက်ပိုင်း ပထမဆုံး အကြိမ်ဖြစ်ကြောင်း သိရသည်။ လီဗာပူး တိုက်စစ်ကစားသမား လူဝစ်း ဒီယက်ဇ် သည် ဒုတိယပိုင်း ပွဲချိန်အတွင်း ဘရာဇီး အသင်းဘက်သို့ သွင်းဂိုးနှစ်ဂိုး ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ဘရာဇီး အသင်းအတွက် တစ်လုံးတည်း သော ချေပဂိုးကို မာတင်နယ်လီက သွင်းယူပေးခဲ့သည်။
ဘရာဇီးအသင်းသည် ယခု ပွဲစဉ်မတိုင်မီ ကစားခဲ့သည့် ဥရုဂွေး အသင်းနှင့်ပွဲစဉ်တွင်လည်း နှစ်ဂိုး ပြတ် ရှုံးနိမ့်ထားသည်။ ကိုလံ ဘီယာအသင်းသည် ယခုပွဲစဉ် အနိုင်ရရှိခဲ့သည့်အတွက် ငါးပွဲ ကစားပြီး ရမှတ် ကိုးမှတ်ဖြင့် အဆင့် (၃) နေရာအထိ တက်လှမ်း နိုင်ခဲ့သည်။
ပြိုင်ဘက် ဘရာဇီးအသင်းက ငါးပွဲ ကစားပြီး ရမှတ်ခုနစ်မှတ်ဖြင့် အဆင့် (၅) အထိ ကျဆင်းသွားခဲ့ သည်။ ဘရာဇီးအသင်းသည် လာမည့် နိုဝင်ဘာ ၂၂ ရက်တွင် ကမ္ဘာ့ဖလားချန်ပီယံ အာဂျင် တီးနားအသင်းနှင့် ယှဉ်ပြိုင်ကစား ရမည် ဖြစ်သည်။
အာဂျင်တီးနား အသင်းသည် လည်း နိုဝင်ဘာ ၁၇ ရက် နံနက် ပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် ဥရုဂွေးအသင်းနှင့် ပွဲစဉ်တွင် နှစ်ဂိုး ပြတ်ရှုံးနိမ့်ထားသည်။
အောင်ဇော်