ဘရာဇီး ဂန္ထဝင်ဘောလုံးသမားကြီးပီလီ ခရစ္စမတ်ကာလကို ဆေးရုံပေါ်တွင်သာ ဖြတ်သန်းရမည်ဟုဆို

 

ရီယိုဒီဂျနေယိုး    ဒီဇင်ဘာ    ၂၂
ဘရာဇီးဂန္ထဝင်   ဘောလုံးသမား ကြီး   ပီလီသည် ကင်ဆာရောဂါ  ကုသမှု     ခံယူနေသည့်အတွက် ဆေးရုံပေါ်တွင်သာ       ၎င်း၏ ခရစ္စမတ်ကာလကို   ကုန်ဆုံးရ မည်ဟု  ဆရာဝန်များနှင့်   ၎င်း၏ မိသားစုက အတည်ပြုခဲ့သည်။   
အသက် ၈၂  နှစ်ရှိပြီဖြစ်သော ပီလီမှာ ဆောပိုလိုမြို့ရှိ    အဲဘတ် အိုင်းစတိုင်း  ဆေးရုံတွင်   လွန်ခဲ့ သည့်လမှစတင်ကာ ဆေးရုံတက် ရောက်      ကုသမှုခံယူနေသည်။       အသက်ရှူ  လမ်းကြောင်းဆိုင်ရာ ရောဂါနှင့်      ဓာတုကုထုံးကို   ပြန်လည် အကဲဖြတ်ခြင်းအတွက် ဆေးရုံတက်ရောက်ကာ ကုသမှု ခံယူနေခြင်းဖြစ်သည်။    
ပီလီ၏    ကင်ဆာရောဂါမှာ  တိုးတက်မှုရှိပြီး  ကျောက်ကပ်နှင့် နှလုံးဆိုင်ရာတို့တွင်        ချို့ယွင်းမှု အတွက်   ပို၍ဂရုစိုက်ရန်  လိုအပ် ကြောင်း    အဲဘတ်အိုင်းစတိုင်း      ဆေးရုံမှ ပြောသည်။
ပီလီသည်   ကမ္ဘာ့ဖလားကို  သုံးကြိမ်တိုင်တိုင် ကိုင်မြှောက်ခွင့် ရရှိခဲ့သော     တစ်ဦးတည်းသော ကစားသမားလည်း     ဖြစ်သည်။   ၁၉၅၈ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၆၂ ခုနှစ်တွင်  တစ်ကြိမ်နှင့်   ၁၉၇၀ ပြည့်နှစ်တွင်တစ်ကြိမ် ကမ္ဘာ့ဖလား   ရယူနိုင်ခဲ့သည့်     ကစားသမား လည်းဖြစ်သည်။   မကြာသေးမီ နှစ်များအတွင်း          ၎င်းမှာ ကျန်းမာရေး     ပြဿနာများနှင့် ကြုံတွေ့လာရသည်။  ကျောရိုး၊  တင်ပဆုံ၊     ကျောက်ကပ်ရောဂါ များခံစားနေရသည်။  ပြီးခဲ့သည့် နှစ်ကလည်း အူမကြီးရှိ အကျိတ် ကိုဖယ်ရှားရန် ခွဲစိတ်မှုပြုလုပ်ခဲ့ရ သည်။    
ပီလီသည်      မကြာသေးမီ  သီတင်းပတ်များအတွင်း      လူမှု ကွန်ရက်မီဒီယာပေါ်တွင်     ၎င်း၏ ကျန်းမာရေး      အခြေအနေနှင့်              ပတ်သက်သည့် အကြောင်းအရာ များကို     ပရိသတ်များသိအောင် ဖော်ပြလေ့ရှိသည်။         ဆင်ဟွာ