
နေပြည်တော် ဩဂုတ် ၂၀
ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များနှင့် ဝန်ထမ်းများ စားရေးအဆင်ပြေစေရေးအတွက် တပ်မတော်နှင့် စေတနာရှင်အလှူရှင်များက စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ငွေများနှင့် ရောဂါကာကွယ်ရေးအထောက် အကူပြုပစ္စည်းများကို ထောက်ပံ့လှူဒါန်းလျက်ရှိ သည်။
ထိုသို့ပေးအပ်လျက်ရှိရာ ယနေ့တွင် ကချင် ပြည်နယ်အတွင်းရှိ ဘဏ်ဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ် ၁၂၅ သိန်းကျော်ကိုလည်းကောင်း၊ ကယားပြည်နယ်အတွင်းရှိ ပြည်သူ့စစ် (ဌာနေ)အဖွဲ့ဝင်များကို ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် ချီးမြှင့်ငွေ များကို လည်းကောင်း သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့မှ ဝန်ကြီးချုပ်များ၊ တိုင်းစစ် ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူ များက သွားရောက်ထောက်ပံ့လှူဒါန်းကြရာ တာဝန် ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိ သည်။
သတင်းစဉ်