
ရန်ကုန် အောက်တိုဘာ ၁၆
Paper Gold (ဘဏ်တွင် ရွှေအပ်နှံ၍ အာမခံဖြင့် အရောင်းအ၀ယ်ဆိုင်ရာ ကိစ္စရပ်များ) ဆွေးနွေးပွဲကို အောက်တိုဘာ ၁၆ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် ရွှေဘုံသာလမ်းရှိ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များ အသင်းရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
အခမ်းအနားတွင် ရန်ကုန် တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းနာယက ဦးစန်းလွင်၊ ဥက္ကဋ္ဌ ဦးမျိုးမြင့်တို့က အမှာစကားပြောကြားကြပြီး အသင်း၏ ဆောင်ရွက်ပြီးစီးမှု လုပ်ငန်းများ နှင့်ရှေ့လုပ်ငန်းရပ်များကို အထွေထွေ အတွင်းရေးမှူးဦး၀င်းမြင့် က ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အသင်းအကြံပေး ဦးဇော်မင်းလတ်က Paper Gold လုပ်ငန်းရပ်များကို ပြောကြားခဲ့ပြီး ရွှေဘဏ်မှ မန်နေးဂျင်း ဒါရိုက်တာ ဒေါ်သဲနိုးစံနှင့် Head of Consumer Banking ဦးမောင်မောင်၀င်းတို့က ဘဏ်ပိုင်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်သူ များ၏ မေးမြန်းချက်များအပေါ် တာ၀န်ရှိသူများက ပြန်လည်ဖြေကြားဆွေးနွေးသည်။
တင်၀င်းလေး(ကြည့်မြင်တိုင်)