
နေပြည်တော် ဇူလိုင် ၃၀
ဘဏ်များသို့ AML/CFT ဆိုင်ရာ Onsite ကြီးကြပ်စစ်ဆေးရာမှ တွေ့ရှိရသည့် အားနည်းချက် များ၊ Feedback Meeting နှင့် လူအများအပြား သေကျေစေသော လက်နက်များ ပြန့်ပွားရေးကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက် ရေး(WMD)ဆိုင်ရာ အသိပညာ ပေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် မြန်မာ နိုင်ငံတော်ဗဟိုဘဏ် (ရန်ကုန် ဘဏ်ခွဲ)၌ ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယ ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ မြန်မာ နိုင်ငံတော်ဗဟိုဘဏ် ညွှန်ကြား ရေးမှူးချုပ်များ၊ ငွေကြေးဆိုင်ရာ စုံစမ်း ထောက်လှမ်းရေးအဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဘဏ်များ၊ မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများနှင့် AML/CFT ဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ နယ်ပယ်(၃) အကောင်အထည်ဖော်မှု ကြီးကြပ် ရေးကော်မတီတို့မှ ကိုယ်စားလှယ် များ တက်ရောက်ကြသည်။
အလုပ်ရုံ ဆွေးနွေးပွဲတွင် မဟာဗျူဟာ နယ်ပယ်(၃) အကောင်အထည်ဖော်မှုကြီးကြပ် ရေးကော်မတီဥက္ကဋ္ဌ၊ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယ ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက အမှာ စကားပြောကြားသည်။ ယင်း နောက် ဘဏ်များ၏ AML/CFT ဆိုင်ရာ လိုက်နာဆောင်ရွက်မှုကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ Onsite နှင့် Offsite စစ်ဆေးရာ တွင် တွေ့ရှိရသည့် အားနည်းချက် များနှင့် ပြင်ဆင်ရန်အချက်များ အား မြန်မာနိုင်ငံတော်ဗဟိုဘဏ် တာဝန်ရှိသူများကလည်းကောင်း၊ အရည်အသွေး ပြည့်ဝသော သတင်းပေးပို့ချက်များ ရရှိရေး အတွက် ဘဏ်များ၏ သတိပြု ဆောင်ရွက်ရမည့် အချက်များအား ငွေကြေးဆိုင်ရာ စုံစမ်းထောက် လှမ်းရေးအဖွဲ့က လည်းကောင်း၊ လူအများအပြား သေကျေစေ သော လက်နက်များပြန့်ပွားရေး ကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက် ရေးနှင့် စပ်လျဉ်း၍ ဘဏ်များ လိုက်နာဆောင်ရွက်ရန် အချက် များကို အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနက လည်းကောင်း ဆွေးနွေးခဲ့ပြီး တက်ရောက် လာကြသူများက ပြန်လည် ဆွေးနွေးခဲ့ကြကြောင်း သိရ သည်။
သတင်းစဉ်