
ရန်ကုန် နိုဝင်ဘာ ၁၇
ဘဏ်များတွင် ငွေသားထုတ်ယူမှု ကန့်သတ်ခံနေရ ကြောင်း လတ်တလောသတင်းထွက်ပေါ်မှုများမှာ ကောလာဟလသာဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သိရသည်။
လက်ရှိတွင် ဘဏ်များအနေဖြင့် ငွေကျပ်သိန်း ၅၀၀၀ အထိ လွှဲပြောင်းရရှိနေပြီး ဘဏ်လုပ်ငန်း တည်ငြိမ်လာချိန်တွင် လူမှုကွန်ရက်ပေါ်၌ ကောလာဟလဖြန့်ဝေနေမှုကို အကြမ်းဖက်အဖွဲ့ အစည်းများနှင့် ပတ်သက်သော မီဒီယာများ၊ လူပုဂ္ဂိုလ်များနှင့် မီဒီယာအရေခြုံ အကြမ်းဖက် အားပေးနေသူများက ဖြန့်ဝေရေးသားနေကြခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းသို့ သတင်းမှားများကို ဝါဒဖြန့်နေသော် လည်း အများပြည်သူအနေဖြင့် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ကာလကကဲ့သို့ စုပြုံငွေထုတ်ခြင်းမျိုး မဖြစ်ဘဲ အများစုမှာ စဉ်းစား၍ တည်တည်ငြိမ်ငြိမ်ဖြင့် ရှိနေ ကြောင်းလည်း စုံစမ်းသိရှိရသည်။
“အရင် ၂၀၂၁ ကလိုဖြစ်အောင် ကြံစည်တာပါ။ ဒီသတင်းက မဟုတ်တာကို သိသိနဲ့လည်း တချို့က တစ်ဖက်စွန်းရောက်ပြီး အားပေးအားမြှောက်နဲ့ လူမှု ကွန်ရက်တွေမှာ ရေးကြတယ်။ မီဒီယာနဲ့ တော်လှန် တယ်လို့ ခေါင်းစဉ်တပ်ပြီးတော့ မဟုတ်တာကို သိသိ နဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို အကျပ်ရိုက် အောင် လုပ်တဲ့သဘောဖြစ်တယ်။ အမှန်ကတော့ ဘဏ်လုပ်ငန်းက အခုဆိုရင် ပိုပြီးတော့ တည်ငြိမ်လာ နေပြီ။ ဒါကြောင့် အခုလို ကောလာဟလ ဖြန့်နေတာ ကို မတုန်လှုပ်ဖို့ ပြောချင်တယ်”ဟု ဘဏ်လုပ်ငန်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ယခုလတ်တလောကာလအတွင်း အများပြည်သူ အကျိုးစီးပွားပျက်စီးစေရန် မသမာသူလူတစ်စုက လူမှုကွန်ရက်စာမျက်နှာများတွင် သတင်းမှားများ ဖြန့်ဝေလျက်ရှိကြောင်း၊ အဆိုပါ လူမှုကွန်ရက် စာမျက်နှာများနှင့် အင်တာနက် Website များတွင် ဖြန့်ဝေနေသော သတင်းတွင် “ဘဏ်များရှိ အပ်ငွေ စာရင်းများမှ ငွေသားထုတ်ယူခြင်းများကို ကန့်သတ် နေကြောင်း” ပါရှိသည်။
ယင်းထုတ်ပြန်ချက်များမှာ မဟုတ်မမှန်သော သတင်းမှားများသာဖြစ်ကြောင်းနှင့် အလားတူ အချို့ ပုဂ္ဂလိကဘဏ်များ၌ ဝန်ထမ်းများကို လစာများကြိုတင် ထုတ်ပေးကြောင်း သတင်းများလည်း ထွက်ပေါ်လျက် ရှိသည်မှာလည်း သတင်းမှားများဖြစ်ကြောင်း ဗဟို ဘဏ်က နိုဝင်ဘာ ၁၆ ရက်တွင် ထုတ်ပြန်ထားသည်။
ဘဏ်များရှိ အပ်ငွေစာရင်းများမှ ငွေသား ထုတ်ယူခြင်းများကို ကန့်သတ်ချက်မရှိ ထုတ်ယူနိုင်ပြီး ဘဏ်များ၏ ဘဏ်ခွဲအသီးသီးတွင် Core Banking System စနစ်အရ အများပြည်သူ အပ်နှံငွေစာရင်း အချက်အလက်များကို အဆင်ပြေချောမွေ့စွာ သိရှိ နိုင်သဖြင့် နိုင်ငံတစ်ဝန်းရှိ မည်သည့်ဘဏ်ခွဲတွင်မဆို ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ရယူနိုင်ကြောင်း၊ ယင်း အပြင် ဒစ်ဂျစ်တယ်နည်းလမ်းဖြင့်လည်း ဘဏ်လုပ်ငန်း ဆိုင်ရာဝန်ဆောင်မှုများ၊ ပေးချေမှုများကို လွယ်ကူစွာ ဆောင်ရွက်နိုင်ပြီး ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ပုံမှန်အတိုင်း ဆောင်ရွက်လျက်ရှိကာ ဘဏ်များ၏ Customer များကလည်း ပုံမှန်ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို ဘဏ်များထံမှ ရယူဆောင်ရွက် လျက်ရှိသည်။
ယခုအခါ အများပြည်သူ၏ အကျိုးစီးပွားကို ထိခိုက်ပျက်စီးစေရန် သတင်းမှားများ ဖြန့်ဝေသူများ ကို ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ဖော်ထုတ် အရေးယူပြီး ထိရောက်ဟန့်တားသော ပြစ်ဒဏ်များ ချမှတ်နိုင်ရန် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
Myo Khine