ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၄)သို့ တက်ရောက် အမှာစကားပြောကြား

 

နေပြည်တော်   မတ်    ၂၁
ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အစည်းအဝေးအမှတ် စဉ် (၁/၂၀၂၄) ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည် တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး  အစည်းအဝေးခန်းမ၌ကျင်းပရာ ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ     နိုင်ငံတော်ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်   တက်ရောက်အမှာစကား     ပြော ကြားသည်။
အစည်းအဝေးသို့ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်  ဒုတိယဥက္ကဋ္ဌ    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ   ဒုတိယဝန်ကြီးချုပ်   ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်း၊ ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အတွင်း ရေးမှူး၊  စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန  ပြည် ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ပြည်ထောင်စုရှေ့နေချုပ် နှင့် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒေါက်တာ သီတာဦး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်  ဒေါက်တာ ခင်နိုင်ဦး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဒုတိယဝန်ကြီးများ တက်ရောက်ကြပြီး တိုင်းဒေသ ကြီးနှင့်   ပြည်နယ်အစိုးရအဖွဲ့   ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြသည်။
အထူးဦးစားပေးဆောင်ရွက်လျက်ရှိ
ဦးစွာ   ဘဏ္ဍာရေးဆိုင်ရာကော်မရှင်     ဥက္ကဋ္ဌ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်     ဗိုလ်ချုပ်မှူးကြီး     မင်းအောင်လှိုင်က အဖွင့်အမှာစကားပြောကြားရာတွင် ပြည်ထောင်စု အစိုးရအဖွဲ့အနေဖြင့်   ၂၀၂၄-၂၀၂၅  ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏     ဘဏ္ဍာငွေအရအသုံးများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဘဏ္ဍာ ရေးနှစ်အစမှအဆုံးအထိ ရငွေများကို လျာထားသည့် အတိုင်းရရှိရေးနှင့်  သုံးငွေများကိုလည်း  လျာထား သည့်အတိုင်း သုံးစွဲနိုင်ရေးတို့ကို ကြိုးပမ်းဆောင်ရွက် ရမည်ဖြစ်ကြောင်း၊   အမျိုးသားရေး    ရည်မှန်းချက် (၂)  ရပ်ဖြစ်သည့်  တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး ရည်မှန်းချက်များ အောင်မြင် စေရန်     နိုင်ငံတော်က   စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့်  အသေးစား၊  အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း(MSME)များ ဖွံ့ဖြိုး တိုးတက်ရေးတို့ကို   အထူးဦးစားပေး  ဆောင်ရွက် လျက်ရှိကြောင်း။
ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ  ဥပဒေနှင့် တိုင်းဒေသကြီး ပြည်နယ်များ၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ   ဥပဒေများသည်   နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်များ၊ အမျိုးသားရေး ရည်မှန်း ချက်တာဝန်များကို အောင်မြင်စေရေးအတွက် ဘဏ္ဍာ ရေးမူဝါဒအဖြစ်   ပြဋ္ဌာန်းပေးသော   ဥပဒေများဖြစ် ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ အနေဖြင့် ကိုဗစ် - ၁၉ ကပ်ရောဂါ ကာကွယ်ကုသ  ထိန်းချုပ်ရေး အသုံးစရိတ်များကို စနစ်တကျစီမံခန့်ခွဲ  ထိန်းချုပ်နိုင်ခဲ့ပြီး  ကိုဗစ် - ၁၉ ကြောင့်  ကျဆင်းခဲ့ ရသည့်  နိုင်ငံ့စီးပွားရေးကို ပြန်လည်တိုးတက်အောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။
ဦးစားပေးလျာထားသုံးစွဲသွားမည်
ဘဏ္ဍာငွေ       အရအသုံးများနှင့်      စပ်လျဉ်းပြီး ပြည်ထောင်စုဝန်ကြီးဌာနများ၊      တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် ယခင် ဘဏ္ဍာရေးနှစ် အတွေ့အကြုံများအပေါ် အခြေခံပြီး  တွေ့ကြုံရမည့် အခက်အခဲများကို ရင်ဆိုင်ကျော်လွှား ပြီး  ရည်မှန်းချက်ပြည့်မီအောင်  ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ ၂၀၂၄-၂၀၂၅  ဘဏ္ဍာ ရေးနှစ်       အရအသုံးခန့်မှန်းခြေ      ငွေစာရင်းတွင်  လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန် ပညာ ရေး၊  ကျန်းမာရေးကဏ္ဍ  အသုံးစရိတ်များ၊ လျှပ်စစ် ဓာတ်အားထုတ်လုပ်မှု   အသုံးစရိတ်များ၊   လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်စေရန်  အသုံးစရိတ်များ၊ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်း များအတွက် အသုံးစရိတ်များ စသည့်ပိုမိုလိုအပ်သော ကဏ္ဍများအတွက် ဦးစားပေးလျာထားသုံးစွဲသွားမည် ဖြစ်ကြောင်း၊ အစိုးရများ၏ အုပ်ချုပ်မှုဆိုင်ရာအသုံး စရိတ်များကို    စိစစ်သုံးစွဲပြီး   နိုင်ငံတော်တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးကို အထောက် အကူပြုမည့်     အသုံးစရိတ်များ၊     စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အထောက်အကူပြုသည့် အသုံးစရိတ်များကို ဦးစား ပေးသုံးစွဲကြရန်လိုအပ်ကြောင်း။
ဝိုင်းဝန်းဆွေးနွေးအတည်ပြု
၂၀၂၄-၂၀၂၅  ဘဏ္ဍာရေးနှစ်  ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်းနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေ     အရအသုံးဆိုင်ရာ     ဥပဒေကြမ်းတို့ကို ပြည်ထောင်စုအစိုးရအဖွဲ့မှတစ်ဆင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီသို့    အချိန်မီပေးပို့တင်ပြနိုင် ရေးအတွက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အဖွဲ့ဝင် များက    ဝိုင်းဝန်းဆွေးနွေး    အတည်ပြုပေးကြရန် လိုကြောင်း ပြောကြားသည်။
ထို့နောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်  ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက  ယနေ့အစည်းအဝေးတွင် စိစစ်တင်ပြပြီး ဖြစ်သည့် ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများ နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များ၏ ၂၀၂၄-၂၀၂၅  ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေငွေစာရင်းများကို တင်ပြရာတွင် သက်ဆိုင်ရာဘတ်ဂျက်စိစစ်သည့်  အဖွဲ့အစည်း၊    ကော်မတီများမှ     အဆင့်ဆင့်စိစစ် ဆောင်ရွက်ခဲ့ကြောင်း၊ အသုံးစရိတ်အပိုင်းတွင်လည်း  နိုင်ငံတော်၏     လူ့စွမ်းအားအရင်းအမြစ်      ဖွံ့ဖြိုး တိုးတက်ရေး၊ အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက် ရေး၊     လျှပ်စစ်ဓာတ်အား    လိုအပ်ချက်ကို    အလုံ အလောက် ဖြန့်ဖြူးပေးနိုင်ရေး၊ နိုင်ငံ့စီးပွားမြှင့်တင် ရေးတို့အတွက် လက်ငင်းအကျိုးရှိပြီး ဘက်စုံအကျိုး သက်ရောက်စေမည့်   အသုံးစရိတ်များကို    အဓိက ထား ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း။
လျာထားခွင့်ပြုပေးခဲ့ပြီးဖြစ်
၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ယခင်ဘဏ္ဍာ ရေးနှစ်များနည်းတူ    ကြိုတင်မမျှော်မှန်းနိုင်သည့် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ကယ်ဆယ်ရေး နှင့်     ပြန်လည်ထူထောင်ရေးလုပ်ငန်းများသာမက နေရပ်စွန့်ခွာပြည်သူများအတွက်  စားဝတ်နေရေး နှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ပေး နိုင်ရေး အရေးပေါ်ရန်ပုံငွေ၊ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ  စီမံခန့်ခွဲမှုရန်ပုံငွေတို့ကို  လျာထား ခွင့်ပြုပေးခဲ့ပြီးဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက်      ဘဏ္ဍာရေးဆိုင်ရာကော်မရှင်  အတွင်းရေးမှူး   ပြည်ထောင်စုဝန်ကြီး  ဦးဝင်းရှိန်က ၂၀၂၄-၂၀၂၅    ဘဏ္ဍာရေးနှစ်      ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်းနှင့်      ၂၀၂၄-၂၀၂၅ ပြည်ထောင်စု၏ အရအသုံးဆိုင်ရာဥပဒေကြမ်းတို့ကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သီတာဦးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာ ရေးနှစ်      ပြည်ထောင်စု၏    အရအသုံးခန့်မှန်းခြေ  ငွေစာရင်းနှင့်  ၂၀၂၄-၂၀၂၅  ပြည်ထောင်စု၏ အရ အသုံးဆိုင်ရာ ဥပဒေကြမ်းတို့နှင့် ပတ်သက်၍လည်း ကောင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာ ခင်နိုင်ဦး က ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊  ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များ၏ဘဏ္ဍာငွေအရအသုံးခန့်မှန်းခြေ  ငွေစာရင်းများနှင့်  စပ်လျဉ်း၍  စစ်ဆေးတွေ့ရှိချက်များအရ အနာဂတ် ကာလတွင် ဆောင်ရွက်သင့်သည့်  အချက်များကို    လည်းကောင်း အကြံပြုဆွေးနွေးတင်ပြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက အသီးသီး တင်ပြကြသည်။
တင်ပြမှုများနှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးဆိုင်ရာ   ကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အခြေကျပြီးဖြစ်သည့် စိုက်ပျိုး ရေး  မွေးမြူရေးလုပ်ငန်းများကို  အခြေခံပြီး ဒေသ အလိုက်     ထုတ်ကုန်များကို      ထုတ်လုပ်ခြင်းဖြင့် ကုန်ထုတ်လုပ်မှုကို တိုးမြှင့်၍ ဒေသခံများ၏ အလုပ် အကိုင်    အခွင့်အလမ်းများ     တိုးတက်ရရှိလာရေး ဆောင်ရွက်ရန်   အထူးလိုအပ်ကြောင်း၊   ထို့အပြင် စီးပွားရေး စီမံကိန်းများကိုလည်း အောင်မြင်အောင် ဆောင်ရွက်ကြရန်လိုပြီး ရည်မှန်းချက်အတိုင်း ပြည့်မီ အောင် ဆောင်ရွက်ကြရန်မှာကြားလိုကြောင်း၊ အလုပ် အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ရာတွင် MSME   လုပ်ငန်းများကိုအခြေခံ၍ အရည်အသွေးပြည့်မီသည့် ထုတ်ကုန်များထုတ်လုပ်ပြီး ပြည်တွင်းလိုအပ်ချက် ကို ဖြည့်ဆည်းပေးကာ ပိုလျှံသည်များကို ပြည်ပသို့ တင်ပို့နိုင်သည်အထိ ထုတ်လုပ်နိုင်ရမည်ဖြစ်ကြောင်း။
ကုန်ထုတ်လုပ်မှုများတိုးတက်လာမည်
ကုန်ထုတ်လုပ်ငန်းများကို   ဆောင်ရွက်ရာတွင်  Mass production များဖြစ်အောင် ဆောင်ရွက်ရန် လိုကြောင်း၊ စိုက်ပျိုးရေးကိုသာမက သား၊ ငါးမွေးမြူ ရေးကဏ္ဍများကိုလည်း       ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊   တိုင်းဒေသကြီးနှင့်  ပြည်နယ်တိုင်းတွင်  အဓိက သား ငါးများဖြစ်ကြသည့် ကြက်၊ ဝက်၊ ဆိတ်၊ နွားနှင့် ငါးများကို မွေးမြူဖြစ်ထွန်းကြောင်း၊ အလား တူ   အသီးအရွက်နှင့်   စက်မှုကုန်ကြမ်းသီးနှံများကို လည်း စိုက်ပျိုးနိုင်ကြောင်း၊ အဆိုပါစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို  အောင်မြင်အောင်  ဆောင်ရွက် နိုင်မည်ဆိုပါက   ကုန်ထုတ်လုပ်မှုများ  တိုးတက်လာ မည်ဖြစ်ကြောင်း။
လုပ်ငန်းများတိုးတက်အောင်မြင်လာမည်
ပြည်ထောင်စုဝန်ကြီးဌာနများအနေဖြင့်လည်း  နိုင်ငံတော်ဘဏ္ဍာငွေများကို သုံးစွဲရာတွင် အကျိုးရှိ ထိရောက်စွာအသုံးချကြစေလိုကြောင်း၊ အလားတူ ရငွေများ      အပြည့်အဝရရှိစေရေးအတွက်လည်း သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက်       ကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း၊ လုပ်ငန်းများ ဆောင် ရွက်ရာတွင် မိမိတို့တွင်ရှိပြီးဖြစ်သည့် အုပ်ချုပ်ရေး ယန္တရား၊    တရားဥပဒေစိုးမိုးရေး     ယန္တရားများကို အသုံးချ၍  ပေါင်းစပ်ညှိနှိုင်းပြီး အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက ဒေသအလိုက်လုပ်ငန်း များ   တိုးတက်အောင်မြင်လာမည်     ဖြစ်ကြောင်း၊  တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လုပ်ငန်း  များ တိုးတက်လာမည်ဆိုပါက နိုင်ငံအတွက်လည်း တိုးတက်မှုများကို ခံစားရမည်ဖြစ်သဖြင့် အချင်းချင်း အပြန်အလှန် တိုင်ပင်ဆောင်ရွက်ကြရန် အလေးထား မှာကြားလိုကြောင်း ပြောကြားသည်။
အလေးထားအကောင်အထည်ဖော်
ထို့နောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားရာတွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်း စဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉) ရပ်ကို အောင်မြင် အောင် ကြိုးပမ်းဆောင်ရွက်ရာတွင် နိုင်ငံတော်နှင့်  ပြည်သူများအတွက် လိုအပ်ချက်နှင့်အညီ ထိရောက် သည့် အသုံးစရိတ်ဖြစ်စေရေးနှင့် လျာထားချက်နှင့်  အညီ အချိန်မီသုံးစွဲရေးကို အဆင့်ဆင့်တာဝန်ရှိသူ များက အလေးထားအကောင်အထည်ဖော် ဆောင် ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ကြီးကြပ်သူများအနေ ဖြင့်လည်း မိမိတာဝန်ယူရသည့် ဌာနအဖွဲ့အစည်း၏  လုပ်ငန်းဆောင်ရွက်မှုများသာမက        ဘဏ္ဍာရေး စီမံခန့်ခွဲမှုနှင့် ဘဏ္ဍာရေးကြီးကြပ်မှုလုပ်ငန်းများကို  တည်ဆဲဘဏ္ဍာရေး စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ  ကြီးကြပ်ကွပ်ကဲဆောင်ရွက်သွားကြရန် အလေးထား  မှာကြားလိုကြောင်း။
ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီဆောင်ရွက်
၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ရာသီဥတုနှင့် အခြားအခြေအနေများအရ ယခင်ဘဏ္ဍာရေးနှစ်များ ထက် အရေးပေါ်ရန်ပုံငွေကို တိုးမြှင့်လျာထားသုံးစွဲ နိုင်ရေး စီစဉ်ထားကြောင်း၊ ထို့အပြင် ၂၀၂၃-၂၀၂၄  ဘဏ္ဍာရေးနှစ်၌ ပြည်ထောင်စုဝန်ကြီးဌာနများက  နယ်မြေအခြေအနေအရ လုပ်ငန်းဆောင်ရွက်နိုင်မှုမရှိခြင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် “အထွေထွေ ပိုလျှံ ရန်ပုံငွေ” (GRF) သို့ ပြန်လည်အပ်နှံသည့် ပိုလျှံ ငွေများမှ ပညာရေး၊ ကျန်းမာရေး၊ ဆောက်လုပ်ရေး ကိစ္စတို့၌   အထူးကိစ္စတစ်ရပ်အနေဖြင့်    လွှဲပြောင်း သုံးစွဲခွင့်ပြုထားပြီး   ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီ ဆောင်ရွက်ကြရန်မှာကြားလိုကြောင်း။
တိုင်းဒေသကြီးနှင့်   ပြည်နယ်အစိုးရအဖွဲ့များ အနေဖြင့်    ပြည်ထောင်စုမှ    ထောက်ပံ့ပေးသည့် ငွေအပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်က ကောက်ခံ ရရှိသည့်      ရငွေများကို       ပြည့်ပြည့်ဝဝရရှိအောင် ကြိုးပမ်းဆောင်ရွက်ပေးကြရန်လိုကြောင်း၊   တိုင်း ဒေသကြီးနှင့် ပြည်နယ်ဘတ်ဂျက်များသည်  အရ အသုံးညီမျှသည့် ဘက်ညီဘတ်ဂျက်ပုံစံနှင့် ရေးဆွဲ ထားခြင်းဖြစ်သည့်အတွက် ရငွေပြည့်ပြည့်ဝဝရရှိမှ သာ  သုံးငွေကိုလည်း   ပြည့်ပြည့်ဝဝသုံးစွဲနိုင်မည် ဖြစ်ကြောင်းကို သတိပြုစေလိုကြောင်း။
ပြည်ထောင်စုဝန်ကြီးဌာနများနှင့်  တိုင်းဒေသ ကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် ၂၀၂၄-၂၀၂၅     ဘဏ္ဍာရေးနှစ်အတွက်      လျာထားသည့် ရငွေများနှင့် အသုံးစရိတ်များကို စီမံခန့်ခွဲကြီးကြပ် ဆောင်ရွက်ရာတွင် နိုင်ငံတော်က ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့နှင့် အညီ ထိရောက်အောင်မြင်စွာ ကြိုးပမ်းအကောင် အထည်ဖော်    ဆောင်ရွက်သွားကြရန်    တိုက်တွန်း မှာကြားလိုကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။

                                          သတင်းစဉ်