ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် (၁/၂၀၂၃) အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

 

ဘဏ္ဍာရေးနှစ်အတွင်း မိမိတို့လျာထားသည့်ရငွေများကို ပြည့်ပြည့်ဝဝရရှိမှသာ မိမိတို့လျာထားသည့် အသုံးစရိတ်များကိုလည်း ပြည့်ပြည့်ဝဝသုံးစွဲနိုင်မည်

 

နေပြည်တော်   မတ်   ၂၁


ဘဏ္ဍာရေးဆိုင်ရာကော်မရှင် (၁/၂၀၂၃)  အစည်း အဝေးကို     ယနေ့မွန်းလွဲပိုင်းတွင်    နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး  အစည်း အဝေးခန်းမ၌ ကျင်းပရာ ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဥက္ကဋ္ဌ     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

 


အစည်းအဝေးသို့  ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယဥက္ကဋ္ဌ   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူး ကြီး စိုးဝင်း၊ ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အတွင်းရေး မှူး  ဒုတိယဝန်ကြီးချုပ်နှင့်  စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဥပဒေ ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြည်ထောင်စု ရှေ့နေချုပ်  ဒေါက်တာသီတာဦး၊    ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးတင်ဦး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် ဒုတိယဝန်ကြီးများ  တက်ရောက်ကြ ပြီး တိုင်းဒေသကြီးနှင့်  ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြသည်။

 


အမှာစကားပြောကြား


ဦးစွာ        ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော် ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင်       ယနေ့ကျင်းပသည့် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေး (၁/၂၀၂၃) သည် “၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်  ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်း”  “ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ   ဥပဒေကြမ်းတို့”     ကို ဆွေးနွေးအတည်ပြုကြရန်ဖြစ်ပါကြောင်း။

 


ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အစည်းအဝေးတွင် အတည်ပြုပြီးသည့်အခါ  ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ    ဥပဒေပြဋ္ဌာန်းနိုင်ရေးအတွက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်၏   ထောက်ခံချက်နှင့် အတူ    ပြည်ထောင်စုအစိုးရအဖွဲ့က   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီသို့     ဆက်လက်ပေးပို့တင်ပြ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

 


၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို  ပြန်လည်ဖွဲ့စည်း ခဲ့ပြီး ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်  ဦးတည်ချက် (၁၂ ) ရပ် တို့ကိုချမှတ်ခဲ့ပါကြောင်း၊   ထို့ကြောင့်  ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်  ဘတ်ဂျက်သည်  မိမိတို့ချမှတ်ထား သည့် ရှေ့လုပ်ငန်းစဉ်များနှင့်  ဦးတည်ချက် (၁၂) ရပ် တို့ကိုဖော်ဆောင်နိုင်ရေးအတွက် အထောက်အကူဖြစ် စေမည့်      ပြည်ထောင်စုအစိုးရအဖွဲ့၏     အရအသုံး လျာထားချက်များဖြစ်ပါကြောင်း။

 


အထူးသဖြင့် နိုင်ငံတော်၏ စီးပွားရေးဦးတည် ချက် (၄) ရပ်ဖြစ်သည့်  “စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို  ခေတ်မီနည်းစနစ် များဖြင့်   ပိုမိုဖွံ့ဖြိုးတိုးတက်အောင်   ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း    ဘက်စုံဖွံ့ဖြိုး တိုးတက်အောင်   တည်ဆောက်ရေး”     “ဈေးကွက် စီးပွားရေးစနစ်  တည်ငြိမ်အောင်    ဖော်ဆောင်ပြီး နိုင်ငံတကာ     ရင်းနှီးမြှုပ်နှံမှုများကို   ဖိတ်ခေါ်၍ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်အောင်   တည်ဆောက်ရေး”      “သွင်းကုန် အစားထိုးရန်နှင့်  ပို့ကုန်မြှင့်တင်နိုင်ရေး ဒေသထွက် ကုန်ကြမ်းများကို   အခြေခံသည့်    အသေးစား၊ အငယ်စား၊  အလတ်စားစီးပွားရေးလုပ်ငန်း ( MSME) များကို ရေရှည်အာမခံချက်ရှိအောင် အားပေးကူညီပြီး နိုင်ငံတော်၏  ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ   ဆောင်ရွက်ဖော် ဆောင်ရေး”    “တိုင်းပြည်  သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် ပြည်သူ့လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေး”  တို့ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန်အတွက်  ဝန်ကြီးဌာနအသီးသီးက   ကဏ္ဍအလိုက်၊    ဒေသ အလိုက် ဦးစားပေးအသုံးစရိတ်များ သတ်မှတ်သုံးစွဲ ကြရမည်ဖြစ်ပါကြောင်း။

 


ဌာန၊ အဖွဲ့အစည်းများက  ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာ ရေးနှစ်အတွက်   အရအသုံး ခန့်မှန်းခြေငွေစာရင်းများ လျာထားရာတွင်  အမှန်အကောင်အထည်ဖော်နိုင်မှု နီးစပ်အောင်   လျာထားခြင်း၊   ဘတ်ဂျက်လိုငွေကို ထိန်းသိမ်းဆောင်ရွက်နိုင်ရန်    ရငွေလျာထားချက် အပေါ် ပြည့်မီကျော်လွန်ရရှိအောင်  ကြိုးပမ်းဆောင် ရွက်ခြင်း၊ အသုံးစရိတ်များ လျာထားရာတွင် နိုင်ငံတော် ၏   စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို  အလျင်အမြန် အထောက်အကူပြုနိုင်မည့် လုပ်ငန်းများနှင့် ပြည်သူ့ လူမှုစီးပွားဘဝကို မြှင့်တင်ပေးမည့် အသုံးစရိတ်များ ကို ဦးစားပေးလျာထားသုံးစွဲခြင်း၊  အခြားအသုံးစရိတ် များကို     စနစ်တကျ    စိစိစစ်စစ်သုံးစွဲခြင်း  စသည့် အချက်များကို         လိုက်နာဆောင်ရွက်ကြစေလိုပါ ကြောင်း။

 


ကြွေးမြီဆိုင်ရာ  အသုံးစရိတ်များနှင့်စပ်လျဉ်းပြီး နိုင်ငံတော်ကရယူထားသည့်      ပြည်ပချေးငွေများ ပြန်လည်ပေးဆပ်ရာတွင် မိမိတို့အနေဖြင့် တာဝန်သိ နိုင်ငံအဖြစ် ခံယူရပ်တည်ပြီး  အချိန်စေ့ရောက်သည့် အရင်းအတိုးများကို  သူ့အချိန်နှင့်သူ  ပေးဆပ်နိုင်ရန် ဦးစားပေးထည့်သွင်းလျာထားခွင့် ပြုထားပါကြောင်း။

 


 ပြည်သူ့ဘဏ္ဍာငွေများအထူးဂရုပြု  


ကိုဗစ်-၁၉ ကပ်ရောဂါနှင့်အတူ ဖြစ်ပေါ်လာသည့် ကမ္ဘာ့နိုင်ငံများနှင့်  ဒေသတွင်းနိုင်ငံများ၏ စီးပွားရေး ကျဆင်းမှုအခြေအနေ၊  နိုင်ငံသုံးငွေတန်ဖိုး  ကျဆင်းမှု အခြေအနေ၊ လောင်စာဆီနှင့် အထွေထွေကုန်ပစ္စည်း ဈေးနှုန်းများ  မြင့်တက်လာမှုအခြေအနေစသည့်     အခြေအနေ အရပ်ရပ်ကြောင့်   မိမိတို့ကဲ့သို့   ဖွံ့ဖြိုးဆဲနိုင်ငံများ အနေဖြင့်    ပြည်သူ့ဘဏ္ဍာငွေများကို စီမံခန့်ခွဲသုံးစွဲ ရာတွင် အထူးဂရုပြုပြီး   စီမံခန့်ခွဲသုံးစွဲရန် လိုအပ်လာ ပါကြောင်း။

 


ထို့ပြင်  နိုင်ငံတော်တွင်  အဓိကလိုအပ်နေသည့် လူ့စွမ်းအားအရင်းအမြစ်  ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုကာကွယ်စောင့်ရှောက် ရေးဆိုင်ရာ  အသုံးစရိတ်များ၊  အားကစား၊ သာသနာ ရေးနှင့်  ယဉ်ကျေးမှုစသည့်  အသုံးစရိတ်များကိုလည်း လိုအပ်ချက်နှင့်အညီ နိုင်ငံတော်က ခွင့်ပြုပေးလျက် ရှိပါကြောင်း၊   Budget Allocation  ဟုခေါ်သည့် အသုံးစရိတ်များ  ခွဲဝေချထားရာတွင် ပြည်ထောင်စု၏ ရငွေအခြေအနေအပေါ်မူတည်၍    ခွဲဝေရခြင်းဖြစ် သည့်အတွက်          ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်      အစိုးရများအနေဖြင့် ဘဏ္ဍာရေးနှစ်အတွင်း မိမိတို့ လျာထားသည့်ရငွေများ ကို    ပြည့်ပြည့်ဝဝရရှိမှသာ    မိမိတို့လျာထားသည့် အသုံးစရိတ်များကိုလည်း ပြည့်ပြည့်ဝဝသုံးစွဲနိုင်မည် ဖြစ်ပါကြောင်း။

 


အမိန့်ညွှန်ကြားချက်များထုတ်ပြန်


မိမိတို့အစိုးရအနေဖြင့်  ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှု ကို ပွင့်လင်းမြင်သာစွာဖြင့် တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး  အသုံးစရိတ်များသုံးစွဲရာတွင် ဘဏ္ဍာရေးစည်းမျဉ်း၊       လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်ရေး၊      တင်ဒါစည်းမျဉ်း  စည်းကမ်းများ လိုက်နာရေး၊  စာရင်းစစ်ဆေးမှုခံယူရေး စသည်တို့ကို လည်း  အမိန့်ညွှန်ကြားချက်များ ထုတ်ပြန်ကြပ်မတ် ဆောင်ရွက်လျက်ရှိပါကြောင်း။

 


ဘဏ္ဍာရေးဆိုင်ရာကော်မရှင်    အတွင်းရေးမှူး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန   ပြည်ထောင်စု ဝန်ကြီး ရှင်းလင်းတင်ပြမည့် ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေး နှစ် ပြည်ထောင်စု၏အရအသုံး ခန့်မှန်းခြေငွေစာရင်း နှင့်  ပြည်ထောင်စု၏ဘဏ္ဍာငွေအရ  အသုံးဆိုင်ရာ ဥပဒေကြမ်းတို့ကို        ပြည်ထောင်စုအစိုးရအဖွဲ့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့      အချိန်မီ ပေးပို့တင်ပြနိုင်ရန်အတွက်         ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေးအတည်ပြု ပေးကြစေလိုကြောင်း ပြောကြားသည်။

 


ထို့နောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဒုတိယဥက္ကဋ္ဌ   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ   ဒုတိယ ဥက္ကဋ္ဌ   ဒုတိယဝန်ကြီးချုပ်  ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက     စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက တာဝန်ယူပြီး  သက်ဆိုင်ရာဌာန၊   အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး၊   ပြည်နယ်အစိုးရအဖွဲ့များနှင့်အတူ စိစစ်ထားသော   ၂၀၂၃ - ၂၀၂၄    ဘဏ္ဍာရေးနှစ် ပြည်ထောင်စုအဆင့်ဌာန၊     အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များ၏ အရအသုံးခန့်မှန်း ခြေငွေစာရင်းများအပေါ် မိမိအနေဖြင့် နိုင်ငံတော် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင်   အကျိုးရှိထိရောက်စွာသုံးစွဲနိုင်မည့် အသုံးစရိတ်များ၊   လူ့စွမ်းအားအရင်း အမြစ်    ဖွံ့ဖြိုးတိုးတက်ရေးအတွက်      ပညာရေး၊ ကျန်းမာရေး၊     လူမှုစီးပွားဘဝ     ဖွံ့ဖြိုးတိုးတက် ရေး    အသုံးစရိတ်များနှင့်    အခြားမဖြစ်မနေသုံးစွဲရ မည့်      အသုံးစရိတ်များကို       ထပ်ဆင့်စိစစ်ခဲ့ပါ ကြောင်း။

 


တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ပြည်ထောင်စု မှ  ထောက်ပံ့သည့်ငွေများကို   နှစ်လတ်ဘဏ္ဍာရေး မူဘောင်တည်ဆောက်၍   လူမှုစီးပွားရေးအခြေပြု ညွှန်းကိန်း(၆)ခုကို  အသုံးပြုပြီး  တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အချိုးကျ မျှတမှုရှိစေရန်  နှစ်စဉ် ခွဲဝေလျာထားပေးလျက်ရှိပါကြောင်း     ပြောကြား သည်။

 


ရှင်းလင်းတင်ပြ


ယင်းနောက်        ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အတွင်းရေးမှူး ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်က ၂၀၂၃ - ၂၀၂၄  ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏   အရအသုံး ခန့်မှန်းခြေငွေစာရင်းနှင့်  ၂၀၂၃ - ၂၀၂၄    ဘဏ္ဍာရေးနှစ်    ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ         ဥပဒေကြမ်းတို့ကို ရှင်းလင်းတင်ပြသည်။

 


ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်က ၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေးနှစ်  ဘဏ္ဍာငွေအရ/ အသုံးဆိုင်ရာစစ်ဆေးတွေ့ရှိချက်များ၊    စစ်ဆေးတွေ့ရှိချက်များ အပေါ်      သုံးသပ်တွေ့ရှိချက်များနှင့်    ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ    ပြုပြင်လိုက်နာ ဆောင်ရွက်သွားရမည့်အချက်များနှင့်    ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 


 နိဂုံးချုပ်အမှာစကားပြောကြား


ယင်းနောက်  ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင်  ယနေ့ပြုလုပ်သည့် ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင် အစည်းအဝေးတွင် ၂၀၂၃-၂၀၂၄  “ဘဏ္ဍာ ရေးနှစ်    ပြည်ထောင်စု၏   အရအသုံးခန့်မှန်းခြေ ငွေစာရင်းနှင့် ပြည်ထောင်စု၏ဘဏ္ဍာငွေအရ အသုံး ဆိုင်ရာဥပဒေကြမ်း” တို့ကို စိစစ်အတည်ပြုပြီးခဲ့ပြီး ဖြစ်ပါကြောင်း၊    ဆက်လက်ပြီး    ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်    ပြည်ထောင်စု၏   ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ  ဥပဒေပြဋ္ဌာန်းနိုင်ရေးအတွက် ဘဏ္ဍာ ရေးဆိုင်ရာကော်မရှင်၏    ထောက်ခံချက်နှင့်အတူ ပြည်ထောင်စုအစိုးရအဖွဲ့ကတစ်ဆင့်    နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကို  ဆက်လက်တင်ပြသွားမည်ဖြစ်ပါကြောင်း။

 


လျာထားချက်ပြည့်မီစေရေး ကြိုးပမ်း


မိမိတို့လျာထားတဲ့အတိုင်း   ရငွေများရရှိစေရန်၊ မိမိတို့လျာထားသည့်အတိုင်း သုံးငွေများကို အချိန်မီ သုံးစွဲနိုင်စေရန်  ဌာန၊  အဖွဲ့အစည်း အကြီးအမှူးများ ကိုယ်တိုင် စီမံခန့်ခွဲကြီးကြပ်ဆောင်ရွက်ကြစေလိုပါ ကြောင်း၊   နိုင်ငံတော်အတွက်   ရငွေများဖြစ်သည့် အခွန်အကောက်မှရရှိငွေများကို    တည်ဆဲအခွန် အကောက်ဆိုင်ရာ ဥပဒေများနှင့်အညီ  အပြည့်အဝ ကောက်ခံရရှိနိုင်အောင် သက်ဆိုင်ရာ ဌာနများအနေ ဖြင့်  ကြိုးပမ်းဆောင်ရွက်ဖို့ တိုက်တွန်းပြောကြား လိုပါကြောင်း၊  အခွန်အကောက်မဟုတ်သော ရငွေ များဖြစ်သည့်  နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများ၏  ဝင်ငွေများတိုးတက်လာစေရန်လည်း    သက်ဆိုင်ရာ ဝန်ကြီးဌာနများက    အထူးကြိုးပမ်းဆောင်ရွက်စေလိုပါကြောင်း၊   မိမိတို့ဌာန   အဖွဲ့အစည်းများ၏ ပကတိအခြေအနေကို စနစ်တကျ   စိစစ်သုံးသပ်ပြီး      လျာထားချက်ပြည့်မီစေရေး ကြိုးပမ်းဆောင်ရွက်ကြ ရမည်ဖြစ်ပါကြောင်း။

 


ထို့ပြင် စီမံကိန်းနှင့်ဘတ်ဂျက်  ဆက်စပ်ဆောင် ရွက်ရန်နှင့်  စီမံကိန်းလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်မှုကို   စဉ်ဆက်မပြတ်    ကြပ်မတ် ဆောင်ရွက်ကြရန်     လိုအပ်သကဲ့သို့    ရငွေ၊   သုံးငွေ နှင့်     စပ်လျဉ်း၍လည်း     စာရင်းစစ်ဆေးမှုကို  စနစ်တကျ    ခံယူနိုင်ရေး     ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။

 


အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနှင့်    ဖက်ဒရယ်စနစ်ကို    အခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များသည်   အရေးကြီးသကဲ့သို့ နိုင်ငံ ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ပေးရ မည့်    လုပ်ငန်းစဉ်များသည်လည်း   အရေးကြီးပါ ကြောင်း၊ နိုင်ငံတော်အနေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူ ရေးလုပ်ငန်းများ   ခေတ်မီဖွံ့ဖြိုးတိုးတက်လာစေရန်၊ ကျေးလက်ဒေသများ       ဖွံ့ဖြိုးတိုးတက်လာစေရန်၊ အသေးစား၊  အငယ်စားနှင့်  အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် အဘက်ဘက် က အားပေးမြှင့်တင်လျက်ရှိပြီး ဘတ်ဂျက်ခွဲဝေချထား ပေးသည့် အသုံးစရိတ်များမှာ ထည့်သွင်းလျာထား ပေးထားသကဲ့သို့    တစ်ဖက်ကလည်း    နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေ၊   ကိုဗစ် - ၁၉   အထူးချေးငွေ ရန်ပုံငွေ၊ အသေးစား၊  အငယ်စားနှင့်  အလတ်စား စီးပွားရေးလုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေစသည့်     ရန်ပုံငွေများကို   ထူထောင်ပေးထားပြီး ရင်းနှီးမြှုပ်နှံငွေ    လိုအပ်ချက်များကို    ဖြည့်ဆည်း ထောက်ကူ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

 


တစ်ဦးချင်းဝင်ငွေများ မြင့်တက်လာ


တိုင်းပြည်သာယာဝပြောရေးနှင့်   စားရေရိက္ခာ ဖူလုံရေးကို    အမျိုးသားရေးတာဝန်အဖြစ်  ခံယူပြီး ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ     တိုးတက် ရေး၊   သွင်းကုန်တင်သွင်းသည့်  နိုင်ငံအဖြစ်မှ ပို့ကုန် တင်ပို့သည့် နိုင်ငံဖြစ်လာစေရေး၊  ပြည်တွင်းစားသုံး ဆီဖူလုံရေး၊ ပြည်သူတို့၏ အလုပ်အကိုင်အခွင့်အလမ်း များ   ပေါများလာရေး၊      တစ်ဦးချင်းဝင်ငွေများ မြင့်တက်လာရေးတို့အတွက်   ဌာန၊    အဖွဲ့အစည်း အားလုံး   ဝိုင်းဝန်းကြိုးပမ်း  ဆောင်ရွက်ပေးကြစေ လိုပါကြောင်း။

 


ယခင်က ပြည်တွင်းကုန်ထုတ်လုပ်မှုနည်းပါးပြီး ပြည်တွင်းသုံးစွဲမှု မလုံလောက်သည့်အတွက် ပြည်ပ မှ သွင်းကုန်တင်သွင်းမှုကိုသာ  အားထားဆောင်ရွက်ခဲ့ ရသဖြင့် ကုန်သွယ်မှုလိုငွေများ ဖြစ်ပေါ်ခဲ့ပါကြောင်း၊ ယခုအခါ     မိမိတို့အစိုးရအနေဖြင့်     ပြည်တွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို   အားပေးဆောင်ရွက် လျက်ရှိပြီး  ရပ်တန့်ထားသည့်   နိုင်ငံပိုင်စက်ရုံများ ပြန်လည်လည်ပတ်နိုင်ရေးအတွက်ကိုလည်း ဆောင် ရွက်လျက်ရှိပါကြောင်း၊ ထုတ်ကုန်များ  ထုတ်လုပ်ရာ တွင် ပြည်တွင်းလိုအပ်ချက်များဖြစ်သည့်  လူသုံးကုန် ပစ္စည်းများကို     အရည်အသွေးကောင်းကောင်းနှင့် လုံလုံလောက်လောက် ထုတ်လုပ်ပေးနိုင်မည်ဆိုပါက နိုင်ငံခြားငွေသုံးစွဲမှုကိုလည်း  လျှော့ချနိုင်မည်ဖြစ်ပါ ကြောင်း။

 


လျှပ်စစ်ဓာတ်အားဆုံးရှုံးမှုများမဖြစ်ရေး


နိုင်ငံတော်    ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်သည့်နေရာတွင်      လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေးသည်လည်း    အရေးကြီးသည့် အတွက်     လျှပ်စစ်ဓာတ်အား   ထုတ်လုပ်ရေးနှင့် သက်ဆိုင်သောအသုံးစရိတ်များကိုလည်း  တိုးမြှင့် ပေးထားပါကြောင်း၊    တစ်ဖက်ကလည်း    ကာလတို အတွင်း  လျှပ်စစ်ဓာတ်အား  ထုတ်လုပ်ရရှိနိုင်ရေး ပြည်နယ်နှင့်တိုင်းအလိုက်   လေ့လာဆောင်ရွက်စေ လိုပါကြောင်း၊ လျှပ်စစ်ဓာတ်အား  ထုတ်လုပ်ရေးကို တိုးတက်ထုတ်လုပ်နိုင်စေရန်  ဆောင်ရွက်ရသကဲ့သို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးအပိုင်းတွင် လေလွင့် ဆုံးရှုံးမှုများမဖြစ်ရေး၊ ဓာတ်အားဝယ်ယူမှု၊ ဖြန့်ဖြူး ရောင်းချမှုများကို ဟန်ချက်ညီအောင် ဆောင်ရွက်နိုင် ရေးတို့ကို သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်း များက ကြိုးပမ်းဆောင်ရွက်စေလိုပါကြောင်း။

 


ပြည်ထောင်စုနှင့်   တိုင်းဒေသကြီး၊   ပြည်နယ် အစိုးရအဖွဲ့များ အားလုံးအနေဖြင့် နိုင်ငံတော်က ချမှတ်ဆောင်ရွက်လျက်ရှိသည့်  ရှေ့လုပ်ငန်းစဉ်များ နှင့် ဦးတည်ချက်များကို  ထိရောက်အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ပြီး     နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက်       တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်သွားကြရန်   တိုက်တွန်းလိုပါ ကြောင်း ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


သတင်းစဉ်