ဘန်ကောက်မြို့လယ်ကောင်ရှိ ဈေးဝယ်ကုန်တိုက်အတွင်း သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး လူသုံးဦးသေဆုံး

 

ဘန်ကောက်  အောက်တိုဘာ ၃ 


ထိုင်းနိုင်ငံရှိ   လူသိများသော ဈေးဝယ်ကုန်တိုက်တစ်ခုအတွင်း သေနတ်ပစ်ခတ်မှုတစ်ခု ဖြစ်ပွား ခဲ့ကြောင်း  နိုင်ငံတကာသတင်း တစ်ရပ်၌ အောက်တိုဘာ ၃ ရက် တွင်  ဖော်ပြခဲ့သည်။ 


သေနတ်  ပစ်ခတ်မှုကြောင့် လူသုံးဦးသေဆုံးခဲ့ပြီး    လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း   မီဒီယာ များက ဖော်ပြခဲ့သည်။ 
ဘန်ကောက်မြို့လယ်ကောင်   ရှိ   ဈေးဝယ်ကုန်တိုက်အတွင်း ဈေးဝယ်သူများ ဝရုန်းသုန်းကား လမ်းမဘက်သို့    ပြေးလွှားနေ ကြသည်ကို    ဗီဒီယိုတွင်   ဖော်ပြ ထားသည်။


သံသယရှိသူအဖြစ် အသက် ၁၄ နှစ်အရွယ်ဆယ်ကျော်သက် တစ်ဦးကို    ရဲများက  ဖမ်းဆီး ထိန်းသိမ်းထားကြောင်း    သိရ သည်။ 


သေနတ်   ပစ်ခတ်ရသည့် အကြောင်းရင်းမှန်ကို မသိရသေး သည့်အတွက် စုံစမ်းစစ်ဆေးမှု များ   ဆက်လက်လုပ်ဆောင် လျက်ရှိသည်။

အင်န်အိတ်ချ်ကေ