
နေပြည်တော် ဇူလိုင် ၂၇
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် စတုတ္ထ အကြိမ်မြောက် ဘင်းမ်စတက် အမျိုးသားလုံခြုံရေးဆိုင်ရာအကြီး အကဲများ အစည်းအဝေး (4th BIMSTEC National Security Chiefs’ Meeting) တက်ရောက်ပြီး ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံများ ဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့မှ အမျိုးသားလုံခြုံ ရေးဆိုင်ရာ အကြီးအကဲများ၊ ဘင်းမ်စတက်အတွင်းရေးမှူးချုပ် နှင့် ၎င်းတို့၏ ဇနီးများ၊ အဖွဲ့ဝင် များသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည် ထွက်ခွာသွားကြသည်။
ဘင်းမ်စတက် အမျိုးသား လုံခြုံရေးဆိုင်ရာ အကြီးအကဲများ၊ ဘင်းမ်စတက် အတွင်းရေးမှူး ချုပ်နှင့် ၎င်းတို့၏ ဇနီးများ၊ အဖွဲ့ ဝင်များအား နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီး ဌာန(၁) ဒုတိယဝန်ကြီး ဗိုလ်ချုပ် ခွန်သန့်ဇော်ထူး၊ နေပြည်တော် ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် သက်ဆိုင်ရာဌာနများမှ တာဝန် ရှိသူများက နေပြည်တော်အပြည် ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။
အဆိုပါ ဘင်းမ်စတက် အမျိုး သားလုံခြုံရေးဆိုင်ရာ အကြီးအကဲ များ၊ ဘင်းမ်စတက်အတွင်းရေးမှူး ချုပ်နှင့် ၎င်းတို့၏ ဇနီးများ၊ အဖွဲ့ဝင်များသည် ရန်ကုန်မြို့မှ တစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လေကြောင်းခရီးဖြင့် ဆက်လက် ထွက်ခွာသွားကြကြောင်း သိရ သည်။
သတင်းစဉ်