ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသောမုန်တိုင်းငယ် ဘေးအန္တရာယ်အတွက် တိုင်းဒေသကြီး/ပြည်နယ်အသီးသီး၌ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

 

နေပြည်တော်    မေ    ၁၀ 


ပြည်ထဲရေးဝန်ကြီးဌာန  ကွပ်ကဲမှု အောက်ရှိ      မီးသတ်ဦးစီးဌာနမှ   မုန်တိုင်းဘေးအန္တရာယ်ကျရောက် လာပါက   ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊    ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ   ဆောင်ရွက်နိုင်ရေးနှင့်  အရေးပေါ် ပြုစုခြင်းလုပ်ငန်းများ ဆောင်ရွက် နိုင်ရေးတို့အတွက်    တိုင်းဒေသ ကြီး/ ပြည်နယ်     အသီးသီး၌ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက် လျက်ရှိသည်။

 


ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်   ပဲခူးတိုင်းဒေသကြီး   ပေါက်ခေါင်းမြို့နယ်၊    ပေါင်းတည် မြို့နယ်၊       သဲကုန်းမြို့နယ်နှင့်  ရွှေတောင်မြို့နယ်တို့ရှိ   မီးသတ် စခန်းလေးခုတို့တွင် လည်းကောင်း၊ မွန်ပြည်နယ်     ကျိုက်ထိုမြို့နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းဆုံ မြို့နယ်၊      ဘီးလင်းမြို့နယ်၊ မော်လမြိုင်မြို့နယ်၊ မုဒုံမြို့နယ်၊ ရေးမြို့နယ်၊      သံဖြူဇရပ်မြို့နယ် တို့ရှိ မီးသတ်စခန်း ၁၀ ခုတို့တွင် လည်းကောင်း၊    တနင်္သာရီတိုင်း ဒေသကြီး ပုလောမြို့နယ်၊ဘုတ်ပြင်း မြို့နယ်၊ လောင်းလုံးမြို့နယ်၊သရက် ချောင်းမြို့နယ်တို့ရှိ မီးသတ်စခန်း လေးခုတို့တွင် လည်းကောင်း၊ရခိုင် ပြည်နယ် ကျောက်ဖြူမြို့နယ်နှင့် စစ်တွေမြို့နယ်တို့ရှိ မီးသတ်စခန်း နှစ်ခုတို့တွင်      လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်နှင့်  ရွှေပြည် သာမြို့နယ်တို့ရှိ    မီးသတ်စခန်း နှစ်ခုတို့တွင် လည်းကောင်း၊ ဧရာ ဝတီတိုင်းဒေသကြီး  မြန်အောင် မြို့နယ်နှင့်   အင်္ဂပူမြို့နယ်တို့ရှိ မီးသတ်စခန်း နှစ်ခုတို့တွင် လည်း ကောင်း မုန်တိုင်းဘေးအန္တရာယ် ကျရောက်လာပါက       ကူညီ ကယ်ဆယ်ရေး    လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊     ရှာဖွေ ကယ်ဆယ်ရေး     လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးနှင့် အရေးပေါ် ပြုစုခြင်းလုပ်ငန်းများ ဆောင်ရွက် နိုင်ရေးတို့အတွက် အသင့်ကြိုတင် ပြင်ဆင် ဇာတ်တိုက်လေ့ကျင့်မှု များ ဆောင်ရွက်လျက်ရှိကြောင်း နှင့် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်များ၊ ခရိုင်များ၊ မြို့နယ် များအလိုက်    ပြည်သူများအနေ ဖြင့် မုန်တိုင်းဘေးအန္တရာယ်နှင့် ပတ်သက်၍ ကြိုတင်ကာကွယ်နိုင် ရေးအတွက် အသိပေးနှိုးဆော်ခြင်း များ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သတင်းစဉ်