ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းနှင့် မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း တစ်ခုဖြစ်ပေါ်နေ

နေပြည်တော်  ဩဂုတ်  ၂၉
ယနေ့မွန်းလွဲ ၂ နာရီခွဲ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း သည် အနောက်- အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး  ၃၀-၈-၂၀၂၄ ရက် တွင် ပိုမိုအားကောင်းလာနိုင်ကာ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတို့သို့ ရောက်ရှိနိုင်သည်။ ထို့မှတစ်ဆင့်  ၁-၉-၂၀၂၄ ရက် တွင်  မုန်တိုင်းငယ်အဖြစ်သို့       ပိုမိုအားကောင်းလာနိုင်သည်ဟု ခန့်မှန်းရသည်။                                မိုး/ဇလ