ဘင်္ဂလားဒေ့ရှ်သို့ ဆိုင်ကလုန်းမုန်တိုင်း စီတရန် ဝင်ရောက်တိုက်ခတ်မှုကြောင့် ၁၅ ဦးထက်မနည်းသေဆုံး

 

ဒါကာ အောက်တိုဘာ ၂၅


ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းရိုးတန်း များသို့    ဆိုင်ကလုန်းမုန်တိုင်း စီတရန်   ဝင်ရောက်တိုက်ခတ်မှု ကြောင့် ၁၅   ဦးထက်    မနည်း သေဆုံးကြောင်းနှင့်       မုန်တိုင်းမှာ အောက်တိုဘာ  ၂၅ ရက်  အစော ပိုင်းတွင်     အပူပိုင်းမုန်တိုင်းငယ် တစ်ခုအဖြစ်    အားပျော့သွားခဲ့ ကြောင်း ဆင်ဟွာသတင်းတစ်ရပ် ၏ ဖော်ပြချက်အရ သိရသည်။

 


ထို့ပြင်  လေပြင်းတိုက်ခတ် မှု၊   မိုးသည်းထန်စွာရွာသွန်းမှုနှင့် အတူ  အဆိုပါ  မုန်တိုင်းကြောင့် အိုးအိမ်များ၊  ကောက်ပဲသီးနှံများ နှင့် အခြေခံအဆောက်အအုံများ ထိခိုက်ပျက်စီးမှုများ      ဖြစ်ပေါ်ခဲ့ ပြီး    သစ်ပင်လဲကျမှုများလည်း ဖြစ်ပေါ်ခဲ့ကြောင်း    သိရသည်။ ဆိုင်ကလုန်း      မုန်တိုင်းကြောင့် နိုင်ငံတောင်ပိုင်း ဘိုလာခရိုင်တွင် လေးဦးထက်မနည်း   သေဆုံးခဲ့ ကြောင်း၊ သစ်ပင်များပြိုလဲကျပြီး လမ်းများပိတ်ဆို့ကာ   လျှပ်စစ်မီး များလည်း  ပြတ်တောက်လျက်ရှိ ကြောင်း သိရသည်။ 

 


နိုင်ငံအရှေ့ပိုင်း ကူမီလာခရိုင် ရှိ နေအိမ်တစ်အိမ်တွင် အမျိုးသား တစ်ဦး၊  ၎င်း၏  အမျိုးသမီးနှင့် မွေးကင်းစသမီးတို့သည်     ၎င်းတို့ ၏   အိမ်ပေါ်သို့  သစ်ပင်ပြိုလဲကျမှု ကြောင့် အသက်သေဆုံးခဲ့ကြောင်း ခရိုင်အကြီးတန်း     အရာရှိတစ်ဦး ဖြစ်သူ ရိုင်ဟန် မဲဘတ်က  ပြော သည်။ 

 


မိုးသည်းထန်စွာ   ရွာသွန်းမှု ကြောင့်  လူထောင်ပေါင်းများစွာ ဘေးလွတ်ရာသို့  ပြောင်းရွှေ့ခဲ့ရ သည်။    မုန်တိုင်း စီတရန်ကြောင့်     ဘင်္ဂလားဒေ့ရှ် နိုင်ငံ       ဒေသအများ အပြား၌    အန္တရာယ်အချက်ပြ အဆင့်   ၇   ကို      ကြေညာချက်    ထုတ်ပြန်ထားပြီး     ကမ်းနီးကမ်း ဝေး        ငါးဖမ်းသင်္ဘောများ၊   ရေကြောင်းသွားလာရေး   ယာဉ် များကိုလည်း          နောက်ထပ် ကြေညာချက်     မထုတ်ပြန်မီအထိ လုံခြုံသောနေရာတွင်  နေကြရန် အကြုံပြုထားသည်။      

 ဆင်ဟွာ