ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် သွေးလွန်တုပ်ကွေးကြောင့် လူပေါင်း ၁၄၀၀ ကျော်သေဆုံးပြီး ၃၀၀၀၀၀ နီးပါး ကူးစက်ခံရ

 

ဒါကာ   နိုဝင်ဘာ   ၈


ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်   ၁၁  လအတွင်း   ခြင်မှ တစ်ဆင့်ပေါက်ပွားသည့်  သွေးလွန်တုပ်ကွေးရောဂါ ကြောင့်  လူအသက်ပေါင်း ၁၄၀၀ ကျော် ဆုံးရှုံးခဲ့ရပြီး လူပေါင်း ၃၀၀၀၀၀ နီးပါး ကူးစက်ခံခဲ့ရသည်ဟု  သိရသည်။ 


ကျန်းမာရေးဝန်ဆောင်မှုဦးစီးဌာနက နောက်ဆုံး ကောက်ယူထားသော   မှတ်တမ်းများအရ    ယခု နှစ်အတွင်း    သွေးလွန်တုပ်ကွေးရောဂါကူးစက်မှု မှာ   စိုးရိမ်ဖွယ်ရာအခြေအနေသို့  ရောက်ရှိနေပြီး နိုဝင်ဘာ ၇ ရက်အထိ  လူပေါင်း ၂၈၃၅၉၃ ဦး ကူးစက် ခံရကာ ၁၄၂၅ ဦး သေဆုံးခဲ့ရသည်ဟု သိရ သည်။ 


စက်တင်ဘာလအတွင်းမှစတင်ကာ နိုင်ငံတွင်း သွေးလွန်တုပ်ကွေးရောဂါကူးစက်မှု     အမြင့်ဆုံး ဖြစ်နေပြီး  နောက်ထပ်ကူးစက်ခံရမှု   ၇၉၅၉၈   ဦး ရှိကာ  ၃၉၆ ဦးသေဆုံးခဲ့ရသည်။ 


 ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်   သွေးလွန်တုပ်ကွေး  ကူးစက်မှုမြင့်မားနေစဉ် တရုတ်နိုင်ငံက သွေးလွန် တုပ်ကွေးရောဂါတိုက်ဖျက်ရေး       ဆေးဝါးနှင့် ထောက်ပံ့ရေးပစ္စည်းများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နိုဝင်ဘာ ၇ ရက်က  ပေးပို့ခဲ့သည်။          

ဆင်ဟွာ