ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တန်ချိန်နှစ်သိန်း တင်ပို့မည့်အနက် တန်ချိန်တစ်သိန်းခြောက်သောင်းကျော် တင်ပို့

 

နေပြည်တော် ဒီဇင်ဘာ ၂၂
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန    ပြည်ထောင်စု ဝန်ကြီး   ဦးအောင်နိုင်ဦးသည် တာဝန်ရှိသူများနှင့်အတူ  ယနေ့  နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသ ကြီး ရွှေပြည်သာမြို့နယ်  ရွှေမဲ ဆိပ်ကမ်း၌ မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအစိုးရချင်း   သဘောတူ စာချုပ်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တင်ပို့မှုကို  ကြည့်ရှုစစ်ဆေး သည်။ (ယာပုံ)
ရှင်းလင်းတင်ပြ
ထိုသို့   ကြည့်ရှုစစ်ဆေးစဉ် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တန်ချိန် နှစ်သိန်း တင်ပို့မည့် အနက်    တန်ချိန်    တစ်သိန်း ခြောက်သောင်းကျော် တင်ပို့ပြီးစီး မှုနှင့်     တင်ပို့ရန်ကျန်ရှိသည့် ဆန်များ သတ်မှတ်ကာလအတွင်း ပြည့်မီအောင်   တင်ပို့နိုင်ရေးနှင့် ဆန်ပို့ကုန်   တိုးမြှင့်တင်ပို့နိုင်ရေးတို့ကို       ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ် သည်များ    ပေါင်းစပ်ညှိနှိုင်းပေး သည်။
ကြည့်ရှုစစ်ဆေး
ဆက်လက်၍   ပြည်ထောင်စု ဝန်ကြီးသည်     ကြည့်မြင်တိုင် ဆိပ်ကမ်းရှိ ထူးကုမ္ပဏီ၊ Diamond Dragon Co., Ltd နှင့် Six Winner Brother Co., Ltd    စားသုံးဆီ သိုလှောင်ကန်များ၌   စားသုံးဆီ သိုလှောင်မှု၊ ဖြန့်ဖြူးမှုနှင့် စားသုံး သူပြည်သူများ     ဘေးအန္တရာယ် ကင်းရှင်းစေရေး စီမံဆောင်ရွက် ထားရှိမှုများကို ကြည့်ရှုစစ်ဆေး သည်။ 
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် Pan Pacific Hotel ၌  ကျင်းပသည့်   ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၏ (၃၁) ကြိမ်မြောက် နှစ်ပတ်လည်  အသင်းသားစုံညီ အစည်းအဝေးသို့    တက်ရောက် သည်။ 
အဆိုပါ       အစည်းအဝေး သို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဦးသောင်း ဟန်၊ ဒုတိယဝန်ကြီးများ၊ ရန်ကုန် တိုင်းဒေသကြီး  အစိုးရအဖွဲ့ဝင် များ၊  သံအမတ်ကြီးများ၊    ပြည် ထောင်စုသမ္မတ        မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ   အသင်းချုပ်နှင့် ညီနောင်အသင်းများမှ ကိုယ်စား လှယ်များ       တက်ရောက်ကြ ကြောင်း သိရသည်။   သတင်းစဉ်