
ဒါကာ ဒီဇင်ဘာ ၂၀
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ မောင်းနှင် သွားလာနေသော ရထားတစ်စင်း ပေါ်တွင် ဒီဇင်ဘာ ၁၉ ရက်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး သုံးနှစ် အရွယ်ကလေးငယ်နှင့် ၎င်းမိခင် အပါအဝင် လေးဦး သေဆုံးခဲ့ ကြောင်း နိုင်ငံတကာသတင်း တစ်ရပ်တွင် ဖော်ပြထားသည်။
အဆိုပါ ရထားမှာ ဘင်္ဂလား ဒေ့ရှ်နိုင်ငံ မြောက်ပိုင်းမှ နိုင်ငံ၏ မြို့တော် ဒါကာသို့ ဦးတည်မောင်း လာသည့် ရထားဖြစ်ကြောင်း သိရသည်။ မီးလောင်မှုကြောင့် ရထားတွဲသုံးတွဲ ဆိုးဆိုးရွားရွား မီးလောင်ကျွမ်းခဲ့သည်။ ရထားမှာ ခရီးသည် အများအပြား တင် ဆောင်လာသော ရထားတစ်စင်း ဖြစ်ကြောင်းလည်း သိရသည်။
ရှို့မီးကြောင့် ဖြစ်နိုင်သော အဆိုပါဖြစ်စဉ်ကို ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးလျက်ရှိသည်။ ဇန်နဝါရီလတွင် ပြုလုပ်ရန် စီစဉ် ထားသော အထွေထွေရွေးကောက် ပွဲမတိုင်မီ ထိုမီးလောင်မှု ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ဘင်္ဂလား ဒေ့ရှ်နိုင်ငံ၌ ရဲတပ်ဖွဲ့ဝင်များနှင့် အတိုက်အခံပါတီများကို ထောက်ခံ သူများအကြား ပဋိပက္ခများလည်း ဖြစ်ပွားလျက်ရှိသည်။
ထောက်ခံသူများသည် အစိုးရ ဆန့်ကျင်ဆန္ဒပြမှုများတွင် ပါဝင် လာကြကြောင်း၊ အချို့ဆန္ဒပြ သူများက အကြမ်းဖက်အသွင် ဆောင်လာကြကြောင်း၊ ဘတ်စ် ကားများနှင့် အခြားယာဉ်များကို မီးရှို့ခဲ့ကြကြောင်း သိရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ လုံခြုံရေးမှာ အထွေထွေရွေးကောက်ပွဲမတိုင်မီ ဆိုးဆိုးရွားရွား ဖြစ်လာနိုင် ကြောင်း လေ့လာသူများက ပြောသည်။
အင်န်အိတ်ချ်ကေ