ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ကုန်သေတ္တာသိုလှောင်ရုံ မီးလောင်မှုဖြစ်ပွား၊ ၄၅ ဦးထက်မနည်း သေဆုံး

 

 

ဒါကာ  ဇွန်   ၆  
ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာ နှင့် အရှေ့တောင်ဘက် ၂၄၂ ကီလို မီတာအကွာ ချက်တိုဂရမ်ဒေသရှိ ကုန်သေတ္တာများ   ထားရာနေရာ  တစ်လျှောက်၌     ဇွန်  ၄ ရက်က မီးအကြီးအကျယ် လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ    လူ  ၄၅  ဦးထက် မနည်း    သေဆုံးခဲ့ပြီး  လူပေါင်း ရာကျော်   ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ချက်တိုဂရမ်     ဆင်ခြေဖုံး၊ ဆိုက်တာကွန်ဒါရှိ ကုန်သေတ္တာ သိုလှောင်ရုံနေရာတွင်     ဓာတု ပစ္စည်းများ       ထည့်ထားသော ကုန်သေတ္တာတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားပြီး    ထိုသို့     မီးအကြီး အကျယ် လောင်ခဲ့ခြင်း ဖြစ်သည်။ 
ခရိုင်အုပ်ချုပ်ရေးမှူး   မိုဟာ မက်မိုမီနာရာမန်က မီးလောင်မှု ကြောင့် သေဆုံးသူဦးရေမှာ ဇွန်  ၅ ရက်အထိ    ၄၅  ဦး  တိုးလာ ကြောင်း ပြောသည်။ 
ဒဏ်ရာရရှိသူများကို ဆေးရုံ သို့     ရွှေ့ပြောင်းပေးခဲ့ကြောင်း၊ အများစုမှာ မီးလောင်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊      တချို့ဒဏ်ရာ ရရှိသူများမှာ  စိုးရိမ်ရသော  အခြေ အနေတွင်      ရှိသည့်အတွက် နောက်ထပ်သေဆုံးသူ     အရေ အတွက်   မြင့်တက်လာနိုင်သေး ကြောင်း ၎င်းက ပြောသည်။ 
မီးသတ်အဖွဲ့ ၂၅ ဖွဲ့က မီးညွန့် မီးတောက်များကို      ကြိုးစား ငြှိမ်းသတ်ခဲ့သည်။ 
ပေါက်ကွဲမှုကြောင့်     အနီး တစ်ဝိုက်တွင်      တုန်လှုပ်သွား ကြောင်းနှင့် အိမ်များမှ ပြတင်း ပေါက်များလည်း       ကွဲထွက် ကုန်ကြောင်း ဒေသတွင်း သတင်း ရင်းမြစ်များတွင်     ဖော်ပြထား သည်။                ဆင်ဟွာ