
ဒါကာ စက်တင်ဘာ ၆
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့၌ စက်တင်ဘာ ၅ ရက်က ကိုဗစ်- ၁၉ကူးစက်ခံရသူ ၂၄၃၀ ထပ်မံတွေ့ရှိခဲ့ပြီး သေဆုံးသူ ၇၀ ကျော် ရှိသည်ဟု ကျန်းမာရေးညွှန်ကြားရေးမှူးချုပ်ရုံးက ပြောသည်။
ထို့ကြောင့် ကူးစက်ခံရသူစုစုပေါင်းမှာ ၁၅၁၄၄၅၆ ဦးရှိပြီး သေဆုံးသူစုစုပေါင်းမှာလည်း ၂၆၅၆၃ ဦးရှိပြီဖြစ်သည်။ ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူဦးရေ ၅၀၆၀ တိုးလာပြီး စုစုပေါင်းပြန်လည်ကျန်းမာလာသူအရေအတွက်မှာ ၁၄၅၁၀၆၃ ဦးရှိသည်။
တရားဝင်ထုတ်ပြန်သည့်အချက်အလက်များအရ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၌ ကိုဗစ်- ၁၉ကြောင့် သေဆုံးမှုနှုန်းမှာ ၁ ဒသမ ၇၅ ရာခိုင်နှုန်း တွင်ရှိသည်။ ပြန်လည်ကျန်းမာလာသူနှုန်းမှာမူ ၉၅ ဒသမ ၈၁ ရာခိုင် နှုန်းရှိသည်ဟု သိရသည်။
ဆင်ဟွာ