
ဒါကာ ဒီဇင်ဘာ ၂၀
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မြို့တော် ဒါကာ၌ ဦးစားပေး သတ်မှတ်ထားသည့် အဖွဲ့များကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတုတ္ထအကြိမ်မြောက် ထိုးနှံပေးမှု ကို ဒီဇင်ဘာ ၂၀ ရက်က စတင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဦးစားပေးသတ်မှတ်ထားသည့်အဖွဲ့၌ ကပ်ရောဂါတိုက်ဖျက်ရေးအတွက် ထိပ်ဆုံးမှ လုပ်ကိုင်ဆောင်ရွက်နေသူများ၊ ကိုယ်ဝန်ဆောင်မိခင် များ ပါဝင်ကြောင်း ကျန်းမာရေးဝန်ဆောင်မှုများ ညွှန်ကြားမှုဦးစီးဌာန (ဒီဂျီအိတ်ချ်အက်စ်) ညွှန်ကြားရေးမှူးချုပ် အာမန်ဒူလ် ကာဘီက ပြော သည်။
ထို့ပြင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို တတိယအကြိမ်ထိုးနှံထားပြီး အသက် ၆၀ နှင့် အထက်ရှိသူများကိုလည်း ယခုကာကွယ်ဆေးထိုးလှုပ်ရှားမှုတွင် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ဒီဂျီ အိတ်ချ်အက်စ်က ပြောသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၌ ၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက် ဖြစ်ပွားချိန်မှာစပြီး လက်ရှိအချိန်အထိ ရောဂါ ကူးစက်ခံရသူပေါင်း ၂၀၃၆၉၃၈ ဦးအထိရှိပြီး ၂၉၄၃၈ ဦး သေဆုံးကြောင်း သိရသည်။ ထို့ပြင် ရောဂါ ကင်းစင်၍ ကျန်းမာရေးပြန်လည်ကောင်းမွန် လာသူ ၁၉၈၆၈၅၇ ဦးအထိရှိကြောင်း ကျန်းမာရေး ဝန်ဆောင်မှုများ ညွှန်ကြားမှုဦးစီးဌာနက ပြော သည်။
ယခုနှစ် ဒီဇင်ဘာလအထိ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၌ ကိုဗစ်ကာကွယ်ဆေးအလုံးရေ ၃၃၉ သန်း ခန့် ထိုးနှံပေးထားပြီးဖြစ်ကြောင်း သိရသည်။
ဆင်ဟွာ