
ဒါကာ မတ် ၉
ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာရှိ စီးပွားရေးအဆောက်အအုံ တစ်ခုတွင် အင်္ဂါနေ့က အင်အား ပြင်း ပေါက်ကွဲမှုတစ်ခု ဖြစ်ပွား ခဲ့ရာ သေဆုံးသူဦးရေမှာ ၂၁ ဦး အထိ တိုးမြှင့်လာသည်။
ကယ်ဆယ်ရေး လုပ်သားများ သည် မြို့တော်ဒါကာ၏ ဆစ်ဒစ် ဘဇားဧရိယာရှိ ငါးထပ်စီးပွားရေး အဆောက်အအုံဟောင်း ပေါက်ကွဲ မှုမှ သေဆုံးသူတစ်ဦးကို မတ် ၉ ရက် နံနက်ပိုင်းက စတင်တွေ့ရှိ ခဲ့ပြီးနောက် ယင်းပေါက်ကွဲမှု ကြောင့် သေဆုံးသူ ၂၁ ဦးအထိ တိုးလာခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အပြင်းအထန် ဒဏ်ရာရသူ ၃၀ မှာလည်း ဆေးရုံများတွင် ဆေး ကုသမှုခံယူနေရကြောင်း မီးသတ် ဌာန လက်ထောက်ညွှန်ကြား ရေးမှူး အက်တာရုဇ်မန်းက သတင်းထောက်များကို ပြောကြား လိုက်သည်။
မီးလောင်မှုမှာ မတ် ၇ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီ ၄၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထား ပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ အဆောက်အအုံပိုင်ရှင် နှစ်ဦး အပါအဝင် လူသုံးဦးကို ထိန်းသိမ်း ထားကြောင်း ဒါကာမြို့တော် ရဲဌာန၏ ဒုတိယကော်မရှင်နာ ကေအင်န် ရွိုင် နီယိုတီ က သတင်းထောက်များအား ပြော ကြားသည်။
ဆင်ဟွာ