
ကြံခင်း စက်တင်ဘာ ၈
ကြံခင်းမြို့နယ် ဘက်ရဲမြို့ အမှတ် (၂)ရပ်ကွက် ရွှေကျောင်းရပ်ရှိ ပရှဉ့် ချောင်းအခြေထိန်း ကျောက်ဖြည့် ရေကာတာနှင့် ကမ်းပါးထိန်းတည် ဆောက်မှုလုပ်ငန်းခွင်ကို ဧရာဝတီ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်နှင့်အဖွဲ့က စက်တင် ဘာ ၇ ရက်တွင် ကြည့်ရှုစစ်ဆေး သည်။
ဝန်ကြီးနှင့်အဖွဲ့အား တည် ဆောက်ရေးလုပ်ငန်း ရှင်းလင်း ဆောင်၌ တိုင်းဒေသကြီး ရေ အရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန် ကြားရေးမှူး ဦးစိန်လွင်နှင့် ဟင်္သာတခရိုင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လက်ထောက်ညွှန်ကြား ရေးမှူး ဦးမျိုးဝင်းတို့က လုပ်ငန်း အခြေအနေများကို ရှင်းလင်တင်ပြ ပြီး ဝန်ကြီးက လက်ရှိကမ်းပါး ထိန်းသိမ်းခြင်း လုပ်ငန်းများ ပြီးစီးပါက ဆက်စပ်လျက်ရှိသည့် အနီးပတ်ဝန်းကျင်မှ ကမ်းပါးများ ကိုလည်း ထိန်းသိမ်းရန်လို ကြောင်း၊ ချောင်းအတွင်းသို့ စီးဝင် သောရေများကို ရေထွက်ပေါက် တစ်ခုတည်းမှ စီးဆင်းမှုမရှိစေဘဲ ရေထွက်ပေါက်များ ခွဲထွက်စီး ဆင်းစေမှသာ ကမ်းထိန်းသိမ်းခြင်း တည်ဆောက်မှုသည် ရေရှည် ခိုင်မာမည်ဖြစ်ကြောင်း မှာကြား သည်။
အဆိုပါ ကမ်းထိန်းလုပ်ငန်းကို ဧရာဝတီတိုင်းဒေသကြီး အစိုးရ အဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းရန်ပုံငွေ ကျပ် ၉၈ ဒသမ ၈ သန်းဖြင့် တင်ဒါအောင် မြင်သောကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်ခြင်းဖြစ်ပြီး ချောင်း ကမ်းပါးအလျား ပေ ၁၉၀ ၌ အခြေ ထိန်း မျောကျောက်ဖြည့်ရေကာ တာနှင့် ကမ်းပါးထိန်း တည် ဆောက်ရေးလုပ်ငန်း ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)