
နေပြည်တော် ဩဂုတ် ၁၂
အနာဂတ်ကာလတွင် အသင့်ဖြစ် နေသော မျိုးဆက်သစ်လူငယ်များ ၏ အရေးပါသည့် အခန်းကဏ္ဍကို အသိအမှတ်ပြု၍ လူငယ်များ ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ် မှုများ အခက်အခဲများကို နိုင်ငံတကာ အသိုက်အဝန်းက သိရှိနားလည်စေရန် ရည်ရွယ်ပြီး “၂၀၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနား” ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစား ရုံ (B)၌ ကျင်းပသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်ဇံက ယနေ့ကမ္ဘာပေါ် တွင် လူဦးရေရှစ်ဘီလီယံခန့်ရှိရာ ကမ္ဘာ့လူဦးရေ စုစုပေါင်း၏ ၁၈ ရာခိုင်နှုန်းခန့်သည် လူငယ်များ ဖြစ်ကြကြောင်း၊ အာဆီယံ ဒေသ တွင်း လူဦးရေ ၆၅၄ သန်းအနက် ၃၄ ရာခိုင်နှုန်းသည် အသက် ၁၅ နှစ်မှ ၃၅နှစ်ကြား လူငယ်များ ဖြစ်ကြကြောင်း၊ လူငယ်များသည် အနာဂတ်တွင် နိုင်ငံ့ခေါင်းဆောင် များ၊ နည်းပညာဆိုင်ရာ တီထွင် ဖန်တီးသူများ၊ ငြိမ်းချမ်းရေးဖော် ဆောင်သူများ၊ စွန့်ဦးတီထွင်သူ များ၊ ဖွံ့ဖြိုးတိုးတက်မှုတို့ကို ဖော်ဆောင်ပေးနိုင်သည့် လုပ်သား အင်အားစုများ၊ လူ့စွမ်းအားအရင်း အမြစ်များဖြစ်ကြောင်း၊ တိုင်းပြည် ၏ အခန်းကဏ္ဍများအား ပခုံး ပြောင်း တာဝန်ထမ်းဆောင်မည့် လူငယ်များ ဘက်စုံဖွံ့ဖြိုး တိုးတက်ပြီး နိုင်ငံ့သားကောင်း လူငယ်များ ပေါ်ထွန်းလာစေရေး အတွက် စနစ်တကျ ပြုစု ပျိုးထောင်ပေးရန် လိုအပ်ကြောင်း၊ ၂၀၀၉ ခုနှစ်တွင် ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီး၏ ဆုံးဖြတ်ချက်ဖြင့် ဩဂုတ် ၁၂ ရက် ကို အပြည်ပြည်ဆိုင်ရာ လူငယ် များနေ့အဖြစ် သတ်မှတ်၍ ကျင်းပပြုလုပ်လျက် ရှိကြောင်း၊ “သက်ရွယ်စုံညီ ကမ္ဘာသစ်ဆီ မျိုးဆက်အားလုံး ပူးပေါင်းပါဝင် ကူညီ” ဆိုသည့် ၂၀၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များ နေ့အတွက် ကုလသမဂ္ဂအဖွဲ့ကြီး က ချမှတ်ပေးထားသည့် ဆောင်ပုဒ်နှင့်အညီ ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များ ပြည့်မီနိုင်စေရေး အတွက် မျိုးဆက်သစ်များ အချင်း ချင်းကြား ပူးပေါင်းပါဝင်ဆောင် ရွက်မှုနှင့် သက်ရွယ်စုံပါဝင်သည့် ပိုမိုကောင်းမွန်သော ကမ္ဘာကြီးကို ဖန်းတီးပုံဖော်ပေးနိုင်ရေး ပိုမို အရှိန်မြှင့်တင် ဆောင်ရွက်သွားကြ ရမည်ဖြစ်ကြောင်း။
မြန်မာနိုင်ငံတွင် အလုပ်လုပ် နိုင်သည့် လူငယ်ဦးရေ အချိုးအစား များပြားခြင်းကြောင့် လူဦးရေ ဆိုင်ရာ ပညာရှင်များ၏ အဆိုအရ မြန်မာနိုင်ငံသည် “လူဦးရေဆိုင်ရာ ဆုလာဘ်” ပိုင်ဆိုင်ထားခြင်း ဖြစ် ပြီး အကျိုးရှိစွာ အသုံးချနိုင်မည် ဆိုပါက နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်မည် ဖြစ် ကြောင်း၊ လူငယ်များသည် နိုင်ငံတော်အတွက် တန်ဖိုးမဖြတ် နိုင်သော ကြီးမားသည့် လူ့စွမ်းအား အရင်းအမြစ်များဖြစ်ပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်မှာ ထူးခြားသည့် အင်အားစုတစ်ရပ် လည်းဖြစ်ကာ အနာဂတ် ခေါင်းဆောင်များလည်း ဖြစ်ကြ ကြောင်း၊ ဘက်စုံထူးချွန်သော လူတော်လူကောင်းများ မွေးထုတ် ပေးခြင်းဖြင့် လူငယ်များ၏ စွမ်းပကားဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုများကို ဖော်ဆောင် ပေးနိုင်မည်ဖြစ်ကာ သက်ရွယ် စုံညီပါဝင်သော လူမှုစီးပွားဘဝ သာယာ ဖွံ့ဖြိုးတိုးတက်သော၊ သဟဇာတဖြစ်သော အနာဂတ် လူ့ဘောင် အဖွဲ့အစည်းအား ဖန်တီး ပုံဖော်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ (၃၁) ကြိမ် မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ဆုရရှိသည့် လူငယ်အားကစား သမား ၁၆ ဦးကို ဂုဏ်ပြုဆုငွေ နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ကို ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက လည်ကောင်း၊ အပြည်ပြည်ဆိုင်ရာ လူငယ်များ နေ့ အထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား ကျောင်းသူ ငါးဦးကို ဂုဏ်ပြုဆုငွေ နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က လည်ကောင်း ပေးအပ်ချီးမြှင့် ပြီးနောက် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ် လူငယ်များ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းဆောင်ရွက် ချက် Video Clip ကို ပြသသည်။
ထို့နောက် လူငယ်များ ကိုယ်စား အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ပထမဆု ရရှိခဲ့သည့် မသီရိနန်းစံက လူငယ် များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အတွက် ဖြည့်ဆည်းဆောင်ရွက် ပေးရန်အချက်များကို တာဝန် ရှိသူများထံ တင်ပြခဲ့ကြောင်း သိရသည်။
သတင်းစဉ်