ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူးစီမံခန့်ခွဲမှုသင်တန်း  အမှတ်စဉ်(၈)နှင့် အဆင့်မြင့်အရာထမ်းစီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ်(၉) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

 

 

နေပြည်တော်   ဇန်နဝါရီ   ၂၄
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏   ကြီးကြပ်လမ်းညွှန်မှုဖြင့်  ဝန်ထမ်းအဖွဲ့အစည်း   ဒုတိယအကြီးအမှူး   စီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ်(၈)နှင့်  အဆင့်မြင့်အရာထမ်းစီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၉)တို့၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို  ယနေ့ နံနက် ၉ နာရီက မန္တလေးတိုင်း​ဒေသကြီး ပြင်ဦးလွင်မြို့နယ် ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) နီလာခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင်       ပြည် ထောင်စုရာထူးဝန်အဖွဲ့    ဥက္ကဋ္ဌ  ဦးသန်းဆွေက   နိုင်ငံတော်အနေ ဖြင့်    ဝန်ကြီးဌာန၊   အဖွဲ့အစည်း အသီးသီး၏   စီမံခန့်ခွဲအုပ်ချုပ်မှု ပိုင်းတွင်  တာဝန်ထမ်းဆောင်လျက် ရှိပြီး    အတွေ့အကြုံရင့်ကျက်၍  ကိုယ်ရည်ကိုယ်သွေးမြင့်မားသည့် နိုင်ငံ့ဝန်ထမ်း အဆင့်မြင့်အရာရှိ ကြီးများကို   ခေါင်းဆောင်မှု၊  စီမံ ခန့်ခွဲမှုအရည်အသွေးများ    ပိုမို ထက်မြက်ထူးချွန်စေရန်၊     မိမိ တာဝန်ယူရသည့်    ဝန်ထမ်းအဖွဲ့ အစည်းတွင်      ဦးဆောင်နိုင်မှု စွမ်းရည်  တိုးတက်လာစေရန်နှင့်  အနာဂတ်  ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးကောင်းများ ပေါ်ထွက် လာစေရန်အတွက်          ရည်ရွယ် ဖွင့်လှစ်ခြင်း ဖြစ်ပါကြောင်း။
နိုင်ငံ့ဝန်ထမ်းများအနေဖြင့်  မိမိတို့ သက်ဆိုင်ရာ၊ ကျွမ်းကျင်ရာ  နယ်ပယ်အသီးသီးတွင်     ခေါင်း ဆောင်စိတ်ဓာတ်   မွေးမြူလျက်  ခေါင်းဆောင်ကောင်းများဖြစ်ရန်  ကြိုးပမ်းရင်း ဌာနအလိုက် လုပ်ငန်း စွမ်းဆောင်ရည်များ တိုးတက်လာ ပြီး နိုင်ငံတော်မှ အကောင်အထည်  ဖော်  ဆောင်ရွက်နေသောမူဝါဒ၊ လုပ်ငန်းစဉ်များကို  ထိ​ရောက်စွာ  အကောင်အထည်    ဖော်နိုင်ရန် တာဝန်ယူမှု   တာဝန်ခံမှုတို့ဖြင့် ဝိုင်းဝန်းကြိုးစား    ဆောင်ရွက်ရ မည်ဖြစ်ကြောင်း။ 
ယခုသင်တန်းတွင်     ဝန်ကြီး ဌာနနှင့်      အဖွဲ့အစည်းများမှ ပြည်ထောင်စုဝန်ကြီး၊     ဒုတိယ ဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့်  ညွှန်ကြားရေးမှူးချုပ်အဆင့်ရှိ ဌာန အကြီးအကဲများနှင့်   ပြည်တွင်း ပညာရှင်ကြီးများက နိုင်ငံတကာ အဆင့်မီ ဘာသာရပ်၊ သင်ခန်းစာ  နှင့်         လုပ်ငန်းပိုင်းဆိုင်ရာများ ဆွေးနွေးပို့ချမည်ဖြစ်၍    နိုင်ငံ့ ဝန်ထမ်းတစ်ဦးတွင် ပြည့်စုံရမည့်  အရည်အသွေးများ မြင့်မားလာစေ ရေး    အလေးထားမှတ်သားလေ့လာ ပြီး မိမိဌာနနှင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးတွင် ပြန်လည်အသုံး ချသွားနိုင်ရန် အစွမ်းကုန်လေ့လာ  သင်ယူကြပြီး           မိမိမှတစ်ဆင့် လက်တွဲဖော်        ဝန်ထမ်းများ၏ အရည်အသွေး   စွမ်းဆောင်ရည်  မြင့်မားလာစေရေးအတွက် လက်တွဲ ခေါ်ဆောင်နိုင်သည်အထိ ပြန်လည် မျှဝေခြင်းဖြင့်        နိုင်ငံအတွက် အားထားရသည့်   နိုင်ငံ့ဝန်ထမ်း ကောင်းများဖြစ်စေရေး ကြိုးစား ကြစေလိုပါကြောင်း    တိုက်တွန်း မှာကြားသည်။ 
ဝန်ထမ်းအဖွဲ့အစည်းဒုတိယ အကြီးအမှူးစီမံခန့်ခွဲမှုသင်တန်း၊ အမှတ်စဉ်(၈)သို့ သင်တန်းသား  ၃၁ ဦး၊ သင်တန်းသူ ၁၂ ဦး စုစု ပေါင်း   ၄၃ ဦးနှင့်   အဆင့်မြင့်  အရာထမ်း    စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၉)သို့ သင်တန်းသား ၁၈ ဦး၊ သင်တန်းသူ ၂၀ စုစုပေါင်း ၃၈    ဦး    တက်ရောက်ကြပြီး သင်တန်းကာလမှာ   ရက်သတ္တ ရှစ်ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။ 
ပြည်ထောင်စုရာထူးဝန်အဖွဲ့  ဥက္ကဋ္ဌနှင့် အဖွဲ့သည် ဇန်နဝါရီ ၂၂ ရက်က တက္ကသိုလ်စက်ပစ်ကွင်း၌ ဖွင့်လှစ်ဆဲ စာရေးဝန်ထမ်းအခြေခံ သင်တန်းအမှတ်စဉ်(၉၉)သင်တန်း မှ သင်တန်းသား သင်တန်းသူများ ၏ အမ်အေ(၁)ချေမှုန်းရေး ရိုင်ဖယ် သေနတ် လက်တွေ့ပစ်ခတ်နေမှု ကို   သွားရောက်ကြည့်ရှုစစ်ဆေး ပြီး      ပစ်ခတ်စဉ်ကာလအတွင်း မလိုလားအပ်​သော     ပြဿနာများ မဖြစ်ပေါ်စေ​ရေး၊   စက်ပစ်ကွင်း  စည်းကမ်းချက်များနှင့်အညီ စနစ် တကျပစ်ခတ်ရေးနှင့်  ဘေးအန္တ ရာယ်   ကင်းရှင်းရေးတို့ကို အထူး ဂရုပြုရန် မှာကြားသည်။ 
ထို့နောက်  သေနတ်ပစ်ထူးချွန် သူ သင်တန်းသား သင်တန်းသူ များကို ဆုချီးမြှင့်၍ အားပေးအမှာ စကား ပြောကြားသည်။  ထို့ပြင် တက္ကသိုလ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာ တင်ပြ ရှင်းလင်းချက်များအပေါ်   ဖြည့် ဆည်း  ဆောင်ရွက်ပေးပြီး တက္က သိုလ်တွင်း     တည်ဆောက်ရေး လုပ်ငန်းများကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ     လိုအပ်သည်များ ဖြည့်ဆည်း       ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။   သတင်းစဉ်