ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) တွင် ဝန်ထမ်းအဖွဲ့အစည်း  ဒုတိယအကြီးအမှူး စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၉)နှင့် အဆင့်မြင့်အရာထမ်း  စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၁၀) သင်တန်းဖွင့်ပွဲ ကျင်းပ

 

နေပြည်တော်  ဧပြီ  ၂၅ 
ဝန်ထမ်းအဖွဲ့အစည်း    ဒုတိယ အကြီးအမှူး စီမံခန့်ခွဲမှု သင်တန်း အမှတ်စဉ် (၉)နှင့်   အဆင့်မြင့် အရာထမ်းစီမံခန့်ခွဲမှု  သင်တန်း အမှတ်စဉ်(၁၀)တို့၏  သင်တန်း ဖွင့်ပွဲအခမ်းအနားကို  ယနေ့နံနက် ၈     နာရီတွင်    ဗဟိုဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်) နီလာခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဆွေ၊ အဖွဲ့ဝင် သူရဦးဘိုနီ၊ ဗဟိုဝန်ထမ်း တက္ကသိုလ်  (အထက်မြန်မာပြည်) ပါမောက္ခချုပ်    ဦးကျော်စိုး၊ ပြည်ထောင်စု    ရာထူးဝန်အဖွဲ့ ဒုတိယ    အမြဲတမ်းအတွင်းဝန် ဦးမြင့်ဆွေ၊ ဒုတိယပါမောက္ခချုပ် များ၊ တက္ကသိုလ်သင်ကြား၊ စီမံ ဌာနများမှ      တာဝန်ရှိပုဂ္ဂိုလ် များ၊  ဖိတ်ကြားထားသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌဦးသန်းဆွေက သင်တန်းဖွင့် အမှာစကား  ပြောကြားရာတွင် ဝန်ကြီးဌာန၊     အဖွဲ့အစည်း အသီးသီး၏ စီမံခန့်ခွဲအုပ်ချုပ်မှု ပိုင်းတွင်      တာဝန်ထမ်းဆောင် လျက်ရှိပြီး အနာဂတ် နိုင်ငံတော် ၏ ကြီးမားသောတာဝန်များကို ပခုံးပြောင်း  ထမ်းဆောင်ကြမည့် အဆင့်မြင့်   အရာရှိကြီးများ၏ အရည်အသွေးများ      မြင့်မား ထက်မြက်လာကာ ဦးဆောင်နိုင်မှု စွမ်းရည်  တိုးတက်လာစေရန်နှင့် အနာဂတ်      ဝန်ထမ်းအဖွဲ့ အစည်း  အကြီးအမှူးကောင်းများ ပေါ်ထွက်လာစေရန်   ရည်ရွယ် ဖွင့်လှစ်ခြင်း ဖြစ်ပါကြောင်း။
နိုင်ငံတော်အနေဖြင့် အတွေ့ အကြုံရင့်ကျက်ပြီး    ကိုယ်ရည် ကိုယ်သွေး     မြင့်မားသော    နိုင်ငံ့ ဝန်ထမ်းအဆင့်မြင့်  အရာရှိကြီး များကို ခေါင်းဆောင်မှု၊ စီမံခန့်ခွဲမှု အရည်အသွေးများ ပိုမိုထက်မြက် ထူးချွန်စေရန်        ဗဟိုဝန်ထမ်း တက္ကသိုလ်များတွင် ၂၀၁၂ ခုနှစ်မှ စတင်ပြီး တစ်နှစ်လျှင် (၂) ကြိမ်စီ ဖွင့်လှစ်ပေးခဲ့ရာမှ  ၂၀၂၂-၂၀၂၃ လေ့ကျင့်ရေးနှစ်တွင် (၄)ကြိမ်စီ တိုး၍ ဖွင့်လှစ်ပေးသွားမည် ဖြစ်ပါ ကြောင်း။
သင်တန်းတွင် ဗဟိုဝန်ထမ်း တက္ကသိုလ်ရှိ  ပညာဌာန ရှစ်ခုမှ ဆရာ ဆရာမများက ပို့ချဆွေးနွေး ခြင်း၊  ဝန်ကြီးဌာနများနှင့်   အဖွဲ့ အစည်းများ၏ မူဝါဒများ၊ စီမံကိန်း များနှင့်     လက်တွေ့အကောင် အထည်ဖော် ဆောင်ရွက်နေမှုများ ကို ရှင်းလင်းဆွေးနွေးခြင်းအပြင် ပြင်ပ ကျွမ်းကျင်သူ  ပညာရှင်များ က ၎င်းတို့ကျွမ်းကျင်ရာ ဘာသာ ရပ်အလိုက် လာရောက်ဟောပြော ဆွေးနွေးပေး    သွားမည်ဖြစ်ပါ ကြောင်း၊       သင်တန်းသားများ မှ      ပါဝင်ဆွေးနွေးကြရန်နှင့် အချင်းချင်း     အတွေ့အကြုံများ ဖလှယ်ကာ   သင်ကြားသင်ယူမှု အသိုက်အဝန်းကို တည်ဆောက် ကြရန်လိုအပ်ပါကြောင်း၊လေ့ကျင့် သင်ကြားမှု ကိစ္စရပ်များကို မိမိတို့ အနေဖြင့်     အကောင်းဆုံးဖြစ် အောင်  ကြိုးပမ်းဆောင်ရွက်လျက် ရှိပြီး ကိုဗစ်-၁၉ စည်းကမ်းနှင့် အညီ     ဖွင့်လှစ်သွားမည်ဖြစ်ပါ ကြောင်း ပြောကြားသည်။
ဝန်ထမ်းအဖွဲ့အစည်းဒုတိယအကြီးအမှူးစီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ်(၉)သို့ သင်တန်းသား          ၁၇ ဦး၊   သင်တန်းသူ   ငါးဦး စုစုပေါင်း ၂၂  ဦးနှင့်   အဆင့်မြင့် အရာထမ်းစီမံခန့်ခွဲမှု သင်တန်း အမှတ်စဉ် (၁၀) သို့ သင်တန်းသား ၂၄ ဦး၊   သင်တန်းသူ  ၁၇   ဦး စုစုပေါင်း  ၄၁   ဦး   တက်ရောက်ကြပြီး သင်တန်းကာလမှာ ဧပြီ ၂၅ ရက်မှ ဇွန်  ၁၇  ရက်အထိ   ရက်သတ္တ  ရှစ်ပတ်  ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။               သတင်းစဉ်